ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်း- ပင်းတယသွားလမ်း လေးအိမ်ကုန်းရွာမြောက်ဖက် ဟဲနှင်းဆိုင်းပုတ်အကျော်လမ်း၌ အောက်တိုဘာလ ၁၇ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က ဆိုင်ကယ် ၂ စီးတိုက်မှုဖြစ်ပွားခဲ့သည်။အဆိုပါဆိုင်ကယ်မောင်းနှင်လာသူများသည် ဟဲဟိုးမြို့ နေ ဦးကွေး နှင့် ကျောက်ဆောင်မြေခြားရွာနေ ကိုရဲ၊ ကိုသိန်းမောင်တို့ ဖြစ်ပြီး ကိုရဲ သည် အခင်း ဖြစ်ပွားရာနေရာတွင်ပင်သေဆုံးသွားကြောင်းသိရသည်။အဆိုပါဒဏ်ရာရသူများကို အောင်ပန်းဆေးရုံသို့ပို့ဆောင်ပေးပြီး၊ ဒဏ်ရာပြင်းထန်သူ ဦးကွေးကို ကလောဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်းသိရသည်။
အောင်ပန်း- ပင်းတယသွားလမ်းတွင် ဆိုင်ကယ်တိုက်မှုဖြစ်ပွား၊ တစ်ဦးသေဆုံး
Oct 18 • 2:15 PM
မြန်မာ
ရှမ်း
မျှဝေမည်
7 | 0 | 0 | 0 |