မန္တလေးတိုင်း၊ မြစ်သားမြို့နယ်၊ ကူမဲမြို့ရှိ ကင်းတားဆည် ၌ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမှုကြောင့် ရေလှောင်ပမာဏသည် သတ်မှတ်ပမာဏ (ပေ ၆၈၀) အောက် ၁၀ လက်မဝန်းကျင်အထိ ရောက်ရှိနေသော်လည်း ရေပိုလွှဲမြောင်း ရေထိန်းတံခါးများအားလုံး ပိတ်ထားမှု ကြောင့် ဒေသခံများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်နေသည်။ လက်ရှိတွင် ရေလှောင်ပမာဏသည် ၆၇၉ ပေအထက် သို့ ရောက်ရှိနေပြီး၊ ရေပြည့်သွားပါက တံခါးများ ရုတ်တရက်ဖွင့်ချပါက ဒေသတစ်ခုလုံး ရေကြီးနစ်မြုပ်နိုင်မည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ ကူမဲဒေသတွင် အောက်တိုဘာလဆန်းပိုင်းမှစ၍ မိုးကြီးမှုကြောင့် ကျေးရွာများတွင် ရက်သတ္တပတ် ၂ ပတ်ကျော်အထိ ရေဝင်ရောက်မှုများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။
ကင်းတားဆည် ရေပြည့်လုနီးပါးရှိသော်လည်း ရေပိုလွှဲမြောင်းများ ပိတ်ထားမှုကြောင့် ကူမဲဒေသခံများ စိုးရိမ်
Oct 18 • 6:43 AM
မြန်မာ
မန္တလေး
မျှဝေမည်
6 | 0 | 0 | 0 |