ယာယီရပ်ဆိုင်းထားခဲ့သော ရန်ကုန်-ပုဂံ ရထားခရီးစဉ် ကို လာမည့် အောက်တိုဘာလ ၂၁ ရက်နေ့ မှစတင်၍ ရထားလမ်းကြောင်းပြောင်းလဲကာ ရန်ကုန်-ပျဉ်းမနား-ပုဂံ ခရီးစဉ် အဖြစ် ပြန်လည်စတင်ပြေးဆွဲသွားမည်ဟု ပုဂံဘူတာမှ သတင်းရရှိသည်။ ရထားလမ်းကြောင်းပြောင်းလဲရခြင်းမှာ ယခင်လမ်းကြောင်းရှိ တောင်တွင်းကြီးမြို့နယ်၊ ဝက္ကသေးရွာအနီးရှိ ရထားသံလမ်းတံတား၏ အလယ်ကွန်ကရစ်တိုင် နိမ့်ကျမှုကို ပြင်ဆင်နေဆဲဖြစ်ခြင်းကြောင့်ဖြစ်သည်။ ယခင်ခရီးစဉ်ကဲ့သို့ အောင်လံ၊ ပြည် (ရွှေတံခါးဘူတာ) အပါအဝင် ပဲခူးတိုင်းအနောက်ခြမ်းကို ဖြတ်သန်းတော့မည်မဟုတ်ဘဲ၊ ပျဉ်းမနားနှင့် လယ်ဝေးဘက်မှတစ်ဆင့် ပဲခူးအရှေ့ခြမ်းရထားလမ်း ကို အသုံးပြုကာ ရန်ကုန်သို့ ပြေးဆွဲမည်ဖြစ်သည်။ ပုဂံဘူတာရုံပိုင်ကြီး၏ ပြောကြားချက်အရ လမ်းကြောင်းအသစ်တွင် ခရီးစဉ်သည် ယခင်ထက် တစ်နာရီကျော်ခန့် ပိုမိုကြာမြင့် နိုင်သော်လည်း ခရီးသွားများ အဆင်ပြေစေရန်အတွက် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး တံတားပြင်ဆင်မှုမှာ သုံးလခန့် ကြာမြင့်မည်ဟု ခန့်မှန်းထားသည်။ ရထားပြေးဆွဲမည့်ရက်မှာ ပုဂံမှ အင်္ဂါနေ့ ညနေ ၆ နာရီ နှင့် ရန်ကုန်မှ သောကြာနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ် တို့ဖြစ်သည်။
တံတားပြင်ဆင်နေ၍ ရန်ကုန်-ပုဂံ ရထားလမ်းကြောင်းကို နိုဝင်ဘာ ၂၁ ရက်မှစ၍ နေပြည်တော်ဘက်မှ ပြန်လည်ပြေးဆွဲမည်
Oct 18 • 4:59 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 30 | 0 | 0 | 0 |


