အောက်တိုဘာ၁၇ရက်နေ့ည ထိုးသတ်သွားတဲ့ One Friday Fights 129 ရဲ့ မြန်မာ့လက်ဝှေ့ဖိုက်တာ ထွန်းမင်းအောင် 🇲🇲 နဲ့ မွေထိုင်းဝါရင့်ဖိုက်တာ တန်နွန် 🇹🇭 တို့ပွဲကလည်း ကြည့်လို့ကောင်းခဲ့ပါတယ်။ ဒီပွဲမှာ ဝါရင့် နဲ့ ဝါနု ယှဥ်တဲ့နေရာမှာ ဝါရင့်က အကွက်ထဲဝင်မှအပီစောင့်ပြီး တံတောင်ရိုက်ချက်တွေ သုံး ပါတယ်။ ထွန်းမင်းအောင်🇲🇲 ပွဲစကတည်းက စိုးရိမ်စိတ်နဲ့ လောနေတာတွေ့ရပြီး ထိုးချက်တွေက ထိတာထက် လွဲတာများပါတယ်။ ပထမအချီမှာ ယှဥ်ထိုးကြရင်း ထွန်းမင်းအောင် 🇲🇲 နဖူးကွဲပါတယ်။ ဒုတိယအချီ မှာ အလဲထိုးနိုင်မယ့် အခြေအနေမှာပွဲမဖြတ်နိုင်ပါဘူး။ နောက်ဆုံးအချီထိ ထွန်းမင်းအောင် 🇲🇲 တိုက်စစ်ဆင်ပေမယ့် ထိုးချက်တွေက သိပ်မထိရောက်တာကြောင့် ၃ချီပြည့်မှာ ထိုင်းဖိုက်တာ က အမှတ်နဲ့ နိုင်သွားခဲ့ပါတယ်။
One Friday Fights 129 ရဲ့ပွဲစဉ်မှာ ဖိုက်တာထွန်းမင်းအောင်အမှတ်နဲ့ရှုံးခဲ့
Oct 18 • 1:41 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
9 | 0 | 0 | 0 |