ပြည်တွင်းမှနာမည်ကြီးစလော့ဂိမ်းဒိုင်အချို့အဖမ်းခံရ၊ အေးဂျင့်အများစု အကောင့်ဖျက်ပြေး

Oct 17 • 2:07 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ပြည်တွင်းမှနာမည်ကြီးစလော့ဂိမ်းဒိုင်အချို့အဖမ်းခံရ၊ အေးဂျင့်အများစု အကောင့်ဖျက်ပြေး

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ The Secret Villa Private Resort တွင် တည်းခိုနေသည့် စလော့ဂိမ်းဒိုင်တစ်ဦးမှ လူမှုကွန်ယက်တွင် တည်းခိုရာနေရာတင်ပြီး တိုက်ရိုက် (...

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ The Secret Villa Private Resort တွင် တည်းခိုနေသည့် စလော့ဂိမ်းဒိုင်တစ်ဦးမှ လူမှုကွန်ယက်တွင် တည်းခိုရာနေရာတင်ပြီး တိုက်ရိုက် (Live) လွှင့်ရာမှတစ်ဆင့် ၎င်းတည်းခိုသည့် Resort ကို အောက်တိုဘာလ ၁၅ရက် ညပိုင်းက ဝင်ရောက်ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။တိုက်ရိုက် (Live) လွှင့်ပြီးနောက် ဖမ်းဆီးခံရသူမှာ Yin Min Hlaing အကောင့်အမည်ဖြင့် တရုတ်မကြီးဟု လူသိများသူဖြစ်ကြောင်း၊ ၎င်းဖမ်းဆီးခံရပြီးနောက် နာမည်ကြီး ဘောလုံးနှင့် စလော့ဂိမ်းဒိုင်ကြီးအချို့လည်း ဖမ်းဆီးခံရသည့်အတွက် လက်ခွဲအေးဂျင့်ဒိုင်များ တိမ်းရှောင်နေကြောင်း ရန်ကုန်မြို့မှ အွန်လိုင်းဘောလုံးဒိုင်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးကလည်း ပြောသည်။ဖမ်းဆီးခံရသည့် ဒိုင်အများစုမှာ YM Group အတွင်းမှ ဖြစ်ပြီး ယင်း YM Group မှာ နာမည်ကြီး မျိုးသိန်းဌေး - MTH Group ထံမှ တဆင့် ဝက်ဘ်ဆိုဒ် ရယူထားခြင်းဖြစ်ကြောင်း အွန်လိုင်းလောင်းကစားအေးဂျင့် အသိုင်းအဝိုင်းမှ သိရသည်။



news-view-count-icon

19