ထိုင်းနိုင်ငံ၊ပက်ချာဘူရီတွင် ထိုင်းအမျိုးသားတစ်ဦးဟာ ထိုင်းထီရောင်းသည့် အမျိုးသမီးတစ်ဦးနှင့် စကားများပြီး အမျိုးသမီးကို သတ်၊ သစ်လုံးနဲ့ ချည်ပြီး ရေကန်ထဲပစ်ချခဲ့ပါသည်။ထိုအမှုဟာ စက်တင်ဘာလကုန်တုန်းက ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ယခုလ အောက်တိုဘာလ ၁၅ရက်နေ့ ၎င်းကို ဖမ်းမိခဲ့တာဖြစ်ပါသည်။အသတ်ခံရသူဟာ အသက် ၅၅ အရွယ်ရှိ အမျိုးသမီးကြီး Ladda Dodesang ဆိုသူဖြစ်ပြီး သူ့ရဲ့ လည်ပင်းကို အဝတ်စ၊ ကြိုးတွေနဲ့ သစ်လုံးမှာ တွဲချည်ပြီး ရေထဲပစ်ချထားရတာဖြစ်ပါသည်။ဖြစ်စဉ်မှာ အသက်၄၈နှစ်အရွယ် Narongporn Khiao ဆိုသူအမျိုးသားဟာ သေဆုံးသူအမျိုးသမီးဆီကနေ ထီလက်မှတ်ဝယ်ယူခဲ့ပြီး ဘတ် ၁၀,၀၀၀ ကျော်ထီဆုပေါက်ခဲ့ပေမယ့် အမျိုးသမီးက မထုတ်ပေးဘူးလို့ ငြင်းတဲ့အတွက် ရန်ဖြစ်ရင်း လက်လွန်သွားကာ သတ်လိုက်တာ ဖြစ်ပါသည်။ထို့နောက် သူ့အလုပ်ရှင်ဆီကနေ လစာထဲက ဘတ် ၃ ထောင်ကြိုထုတ်ပြီး ခေါက်ရိုင်ကနေ သူ့ ညီမရှိရာ ချွန်ပူရီကို အရင်ပြေး၊ အဲ့ကနေမှ သူ့ ဦးလေးရှိရာ ကရာဘီကို အဆင့်ဆင့်ပြေးသွားကာ ထိုင်းရဲများ၏ အားထုတ်မှုကြောင့် ဖမ်းဆီးမိခဲ့ပြီး အခုဆိုရင်တော့ လူသတ်မှုနဲ့ ထောင်ဒဏ် ၁၅ နှစ်ကနေ ၂၀ နှစ်အပြင် အလောင်းဖျောက်တဲ့အတွက် ထောင်ဒဏ်ထပ်တိုး ၁ နှစ် သို့ ဒဏ်ကြေး ၂ ထောင် သို့ နှစ်ရပ်လုံးကိုပါ ထပ်တိုး ကျခံရဖွယ်ရှိနေပါသည်။
ထိုင်းနိုင်ငံ၊ပက်ချာဘူရီတွင် ထိုင်းထီပေါက်ကာ ဆုငွေထုတ်မပေးလို့ ထီအရောင်းသမားကို သတ်မှုဖြစ်ပွား
Oct 17 • 6:54 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


