ထိုင်းနိုင်ငံတွင် ယမန်နေ့ အောက်တိုဘာလ ၁၆ရက်နေ့ပ အထောက်အထားမရှိသူတွေကို တရားဝင်အလုပ်လုပ်ခွင့်အတွက် ဘတ်အသစ်ရိုက်ပေးမယ့်အစီအစဉ် ရပ်ဆိုင်းလိုက်တဲ့နေ့မှာဘဲ ဆာမွတ်စခွန်ခရိုင်မှာ ဘတ်ရိုက်ဖို့စောင့်နေတဲ့ မြန်မာလုပ်သား ၁၀၀ကျော်ဟာ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုခံလိုက်ရတာ ဖြစ်ပါသည်။ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ပြဿနာတွေကြောင့် ဘတ်အသစ်ရိုက်ပေးဖို့ လုပ်ငန်းစဉ်ကို ယာယီရွေ့ဆိုင်းလိုက်တာလို့ အကြောင်းပြထားပြီး ဘတ်အသစ်ရိုက်ဖို့စောင့်နေတဲ့ မြန်မာလုပ်သား၁၀၂ဦးဟာအဖွဲ့စုံပါတဲ့ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရတာဖြစ်ပါသည်။ မြန်မာလုပ်သားတစ်ရာကျော်ဖမ်းဆီးခံရတာဟာ ပွဲစားတွေကြောင့် ဖြစ်တာလို့ ထိုင်းရောက် မြန်မာလုပ်သားများအရေးဆောင်ရွက်နေတဲ့ MHAC မဟာမိတ်အဖွဲ့ ရဲ့ဦးဆောင်တာဝန်ခံ ကိုရဲမင်းကပြောပါသည်။
ထိုင်းနိုင်ငံတွင် ဘတ်အသစ်ရိုက်ဖို့စောင့်နေတဲ့ မြန်မာ၁၀၀ကျော်အဖမ်းခံရ
Oct 17 • 1:22 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


