ထိုင်းနိုင်ငံတွင် တရားမဝင် Live လွှင့်ဈေးရောင်းတဲ့ နိုင်ငံခြားသားတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေ

Oct 17 • 1:15 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံတွင် တရားမဝင် Live လွှင့်ဈေးရောင်းတဲ့ နိုင်ငံခြားသားတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေ

ထိုင်း အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် Mr. Pichet Thongpan က ဘန်ကောက်မြို့၊ Din Daeng ရပ်ကွက်က နေအိမ်တစ်လုံးမှာ တရုတ်နိုင်ငံသားတွေ တရားမဝင...

ထိုင်း အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် Mr. Pichet Thongpan က ဘန်ကောက်မြို့၊ Din Daeng ရပ်ကွက်က နေအိမ်တစ်လုံးမှာ တရုတ်နိုင်ငံသားတွေ တရားမဝင်ခိုးပြီး အလုပ်လုပ်ကိုင်နေတာကို တွေ့ရှိတယ်လို့ ပြည်သူတွေဆီက သတင်းပေးပို့ချက်ရခဲ့ပြီးနောက်မှာ ချက်ချင်းအရေးယူဆောင်ရွက်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါသည်။စစ်ဆေးရေးအဖွဲ့က Din Daeng ခရိုင်၊ Ratchadaphisek ရပ်ကွက်၊ Soi Inthamara 49 မှာရှိတဲ့ အိမ်တစ်လုံးကို ဝင်ရောက်စစ်ဆေးခဲ့ရာမှာ အဲဒီအိမ်ကို တရုတ်နိုင်ငံသားတွေအတွက် ဟိုစတယ်အဖြစ် ပြောင်းလဲဖွင့်လှစ်ထားတာကို တွေ့ရှိခဲ့ပြီး အဲဒီမှာ တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားလုပ်သား ၃ ဦးကို ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိသူများမှာ တရုတ်အမျိုးသား ၂ ဦးနဲ့ မြန်မာအမျိုးသား ၁ ဦးတို့ ဖြစ်ပြီး ၎င်းတို့ကို စွဲချက်တင်ပြီး ဥပဒေအရအရေးယူနိုင်ဖို့ Sutthisan နယ်မြေရဲစခန်းကို လွှဲပြောင်းပေးခဲ့ပါသည်။ထိုပြစ်မှုကို ထပ်မံကျူးလွန်ရင်တော့ ငှားရမ်းထားတဲ့ နိုင်ငံခြားသားတစ်ဦးအတွက် ထောင်ဒဏ် ၁ နှစ်အထိ ဒါမှမဟုတ် ဘတ် ၅၀,၀၀၀ ကနေ ၂၀၀,၀၀၀ အထိ ဒဏ်ငွေချမှတ်ခံရမှာဖြစ်ပြီး နိုင်ငံခြားသားတွေကို ၃ နှစ်အထိ အလုပ်ခန့်ခွင့် ပိတ်ပင်ခံရမှာ ဖြစ်ပါသည်။

news-view-count-icon

13