တောင်ကြီး-အေးသာယာ တစ်နေ့တည်း လိုင်စင်မဲ့ကား ၁၀၀ ကျော် ဖမ်းဆီးခံရ

Oct 16 • 2:08 PM

breaking-news

မြန်မာ

ရှမ်း

cover

တောင်ကြီး-အေးသာယာ တစ်နေ့တည်း လိုင်စင်မဲ့ကား ၁၀၀ ကျော် ဖမ်းဆီးခံရ

ရှမ်းပြည်နယ်တောင်ပိုင်း ၊တောင်ကြီးမြို့ပေါ်ရှိ မိန်းလမ်းနေရာအနှံ့နှင့် မြို့အဝင်အထွက်နေရာများ၌ ဖမ်းဆီးခဲ့သဖြင့် လိုင်စင်မဲ့ကား အစီးရေ ၄၀ ကျော် ဖမ်းဆီးခံရပြီး၊ အ...

ရှမ်းပြည်နယ်တောင်ပိုင်း ၊တောင်ကြီးမြို့ပေါ်ရှိ မိန်းလမ်းနေရာအနှံ့နှင့် မြို့အဝင်အထွက်နေရာများ၌ ဖမ်းဆီးခဲ့သဖြင့် လိုင်စင်မဲ့ကား အစီးရေ ၄၀ ကျော် ဖမ်းဆီးခံရပြီး၊ အေးသာယာမြို့ ရှိ တောင်ကြီး အဝင် ဆိုင်းဘုတ်တွင် လုပ်ငန်းသုံးကားတွေဖြစ်တဲ့ Hijet၊ Mazada Bongo အမျိုးအစားတွေ အစီးရေ ၆၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။ထို့ပြင် ဒေသခံများက လိုင်စင်မဲ့ကားများ အသုံးပြုခွင့် မရရှိခြင်းကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆိုးရွားစွာ ထိခိုက်နေကြောင်း၊ စီးပွားရေးအပေါ် ထိခိုက်မှုများ ကြုံတွေ့နေရ ကြောင်းသိရသည်။တောင်ကြီးမြို့ပေါ်တွင် တန်ဆောင်တိုင်ပွဲ‌ ကာလ မရောက်ခင် အောက်တိုဘာလ (၂၅)ရက်နေ့အထိ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရေးများ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း သိရသည်။



news-view-count-icon

40