အဆိုတော် လေးဖြူနှင့် အငဲတို့အတွက် အောင်မြင်ကျော်ကြားခဲ့သည့် သီချင်းများကို ရေးစပ်ခဲ့သူ တေးရေးဆရာကြီး သော်ဒီဝေသည် ယနေ့ အောက်တိုဘာ၁၆ရက် ညနေလေးနာရီခွဲအချိန်က နေထိုင်ရာ ပြင်ဦးလွင်မြို့၌ ကွယ်လွန်သွားကြောင်း ဂီတအသိုင်းအဝိုင်းမှ သိရသည်။အသက် ၇၁နှစ်အရွယ် ဆရာသော်ဒီဝေသည် နှလုံးရောဂါကြောင့် ဆေးကုသမှုခံယူရင်း ပုဂ္ဂလိကဆေးရုံတရုံတွင် ကွယ်လွန်ခဲ့ရခြင်းဖြစ်သည်။



