မြန်မာပြည်တွင်းရွှေဈေး ကမ္ဘာ့ ရွှေဈေး မငြိမ်သက်မှုများကြောင့် စံချိန်သစ်ထပ်တင်သွား

Oct 16 • 1:43 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာပြည်တွင်းရွှေဈေး ကမ္ဘာ့ ရွှေဈေး မငြိမ်သက်မှုများကြောင့် စံချိန်သစ်ထပ်တင်သွား

မြန်မာပြည်တွင်း မီးလင်းအခေါက် ရွှေဈေးကလည်း တစ်ကျပ်သားကို ၈၆ သိန်းဝန်းကျင်အထိ ထိုးတက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါသည်။ထိုရွှေဈေးနှုန်းဟာ မြန်မာရွှေလောက ...

မြန်မာပြည်တွင်း မီးလင်းအခေါက် ရွှေဈေးကလည်း တစ်ကျပ်သားကို ၈၆ သိန်းဝန်းကျင်အထိ ထိုးတက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါသည်။ထိုရွှေဈေးနှုန်းဟာ မြန်မာရွှေလောက သမိုင်းတလျှောက်မှာ အမြင့်ဆုံးဈေးနှုန်းဖြစ်ပြီး အာဏာမသိမ်းခင်ကာလနဲ့ နှိုင်းယှဉ်ရင် ရှစ်ဆကျော်အထိ ဈေးနှုန်းကြီးမြင့်လာတာ ဖြစ်ပါသည်။ရွှေလုပ်ငန်းရှင် တစ်ဦးကတော့ ရွှေဈေးနှုန်းတွေ စံချိန်တင်မြင့်တက်လာရတာဟာ ကမ္ဘာအရပ်ရပ်က နိုင်ငံ တော်တော်များများမှာ ရွှေဝယ်လိုအားတွေ မြင့်တက်လာတာကြောင့်ဟု ပြောပါသည်။လက်ရှိ ရွှေဈေးနှုန်းဟာ ကမ္ဘာ့ရွှေဈေးနှုန်း ကမောက်ကမကြား ခန့်မှန်းရ ခက်နေပြီး ကမ္ဘာ့ရွှေဈေး နှုန်း အတက်အကျအပေါ် မူတည်ကာ ပြည်တွင်းရွှေဈေးနှုန်းတွေလည်း အချိန်နဲ့အမျှ ပြောင်းလဲလာနိုင်သည်ဟု ပြောပါသည်။

news-view-count-icon

29