တောင်ကြီးမြို့တွင်ရှိသော စားသောက်ဆိုင်တစ်ခုတွင် ယနေ့ အောက်တိုဘာလ (၁၄) ရက်နေ့ မနက်ပိုင်းက အသက် ၂၀ ကျော်အမျိုးသမီးတစ်ဦးက ရေဆာခြင်းကြောင့် ရေတောင်းသောက်ပြီး ဆိုင်ရှိ ပိုက်ဆံအိတ် ခိုးယူသွားကြောင်းသိရသည်။ပိုက်ဆံအိတ်ပျောက်သွားမှုကို အချိန်အနည်းငယ်အကြာတွင် ဆိုင်ရှင်က သိရှိသွားပြီး၊ ချက်ချင်းလိုက်၍ ပြန်လည်ရယူနိုင်ခဲ့ ကြောင်းသိရသည်။



