သင်္ကန်းကျွန်းမြို့နယ် ပြည်ထောင်စုဂုံးကျော်တံတားအဆင်းရှိ ပန်းဈေးတန်းကို လေးထောင့်ကန်လမ်းပေါ်က (စံပြဈေးမီးပွိုင့်အနီး) ကျွန်တော(စံပြ)ဈေးမှာ ပြန်လည်နေရာပေးခဲ့ပြီး၊ အောက်တိုဘာ ၁၅ ရက်မှစတင်ကာ သက်ဆိုင်ရာက ပြောင်းရွှေ့ဖွင့်လှစ်ခိုင်းခဲ့တာလို့ ပန်းဆိုင်ပိုင်ရှင်တချို့ကပြောပါတယ်။ဆိုင်ခန်းများကို ပြန်လည် နေရာချထားရာမှာတော့ ဆိုင်ခန်းကျယ်အ၀န်းကို ၅ ပေ × ၁၀ ပေ နဲ့ ၄ပေ × ၈ ပေ အမျိုးအစားခွဲထားကြောင်း သိရပါတယ်။



