အွန်လိုင်းဆယ်လီ သမီးဆိုးကို ပုဒ်မ ၅၀၅ (က) နဲ့ ထပ်မံအမှုဖွင့်ထားပြီး Form-C ဖောက်ဖျက်ထားမှုကြောင့် အမှုထပ်တိုးနိုင်

Oct 15 • 7:18 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

အွန်လိုင်းဆယ်လီ သမီးဆိုးကို ပုဒ်မ ၅၀၅ (က) နဲ့ ထပ်မံအမှုဖွင့်ထားပြီး Form-C ဖောက်ဖျက်ထားမှုကြောင့် အမှုထပ်တိုးနိုင်

အွန်လိုင်းဆယ်လီ သမီးဆိုး (ခ) သက်ကိုကို ကို လက်ရှိမှာ ပုဒ်မ ၅၀၅ (က) နဲ့ ထပ်မံအမှုဖွင့်ထားပြီး Form-C ဖောက်ဖျက်မှုကြောင့်လည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အ...

အွန်လိုင်းဆယ်လီ သမီးဆိုး (ခ) သက်ကိုကို ကို လက်ရှိမှာ ပုဒ်မ ၅၀၅ (က) နဲ့ ထပ်မံအမှုဖွင့်ထားပြီး Form-C ဖောက်ဖျက်မှုကြောင့်လည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ထပ်မံ တရားစွဲဆိုဖို့ ရှိနေတဲ့အတွက် အမှု ထပ်တိုးနိုင်တယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတယောက်က ပြောပါတယ်။သမီးဆိုး (ခ) သက်ကိုကို ကို သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့၊ မနက်ပိုင်းက ဖမ်းဆီး ထိန်းသိမ်းခဲ့တာဖြစ်ပြီး စတင် ဖမ်းဆီးစဉ်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခံထားရတာ ဖြစ်ပါတယ်။သတင်းတွေအရ သမီးဆိုး (ခ) သက်ကိုကို ကို တိုင်ကြားခဲ့သူမှာ ဒေါ်အေသင်ကို ဖြစ်တယ်လို့ သိရပြီး အောက်တိုဘာ ၅ ရက်နေ့က ပြင်ဦးလွင် မြို့မရဲစခန်းမှာ (ပ)၂၁၅/၂၀၂၅၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့် တိုင်ကြားထားတာ ဖြစ်ပါတယ်။ဒါနဲ့ ပတ်သက်လို့ ဒေါ်အေသင်ကိုရဲ့ လူမှုကွန်ရက် စာမျက်နှာမှာလည်း “ပ နံပါတ် ရရှိပြီးနောက် သူမသည် ကျွန်မတရားစွဲဆိုခဲ့သော အမှုများအား ဖြေရှင်းခြင်းမပြုဘဲ သူမနိုင်ငံသို့ ပြန်လည် ထွက်ခွာမည်ကို စိုးရိမ်သောကြောင်် ကျွန်မအမှုဖွင့်ခဲ့သည့် စခန်းတွင် သူမအား ပြင်ပထွက်ခွာခွင့်အား ပိတ်ပေးပါရန် သူမအမှုအား ဖွင့်ခဲ့သော ပနံပါတ်နှင့်အတူ ထပ်မံအမှုတွဲ တင်ခဲ့ပါသည်” လို့ မနေ့ အောက်တိုဘာ ၁၄ ရက်က အသိပေး ရေးသားထားတာ တွေ့ရပါတယ်။ သမီးဆိုး (ခ) သက်ကိုကို ကို စတင်ဖမ်းစီးစဉ်က ရန်ကုန်မြို့ရှိ မင်္ဂလာဒုံ ရဲစခန်းမှာ ကနဦး ထိန်းသိမ်းခဲ့တာ ဖြစ်ပေမယ့် မန္တလေးတိုင်း၊ ပြင်ဦးလွင် မြို့မရဲစခန်းမှာ အမှုဖွင့်ခံထားရတာ ဖြစ်တဲ့အတွက် အောက်တိုဘာ ၁၂ ရက်နေ့၊ ညပိုင်းမှာပဲ ပြင်ဦးလွင်ရဲစခန်းကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။ပုဒ်မ ၅၀၅ (က) ထပ်တိုး အမှုဖွင့်ခံရတာဟာ Follower တသိန်းလောက်ရှိတဲ့ သူမရဲ့ လူမှုကွန်ရက်ဖြစ်တဲ့ Shwe Thet အကောင့်နဲ့ ပြည်ပနိုင်ငံမှာ အလှကုန်ပစ္စည်းတွေ Live လွှင့် ရောင်းချရင်း မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေကို ဝေဖန် ပြောဆိုခဲ့တာကြောင့် ဖြစ်ပါတယ်။ အောက်တိုဘာ ၁၄ ရက်နေ့ထုတ်၊ နိုင်ငံပိုင် သတင်းစာတွေမှာလည်း နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက် စာမျက်နှာပေါ် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းတွေ လုပ်ဆောင်ခဲ့တဲ့ “Shwe Thet” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၄၆) ရပ်ကွက်နေ သက်ကိုကို (ခ) သမီးဆိုး (၄၅) နှစ်ကို ပြင်ဦးလွင် မြို့မရဲစခန်းမှာ တရားဥပဒေနဲ့အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ် အရေးယူ ဆောင်ရွက်လျက်ရှိပါတယ်။ ‌သူမဟာ အမေရိကန်နိုင်ငံသူအဖြစ် ခံယူထားသူ ဖြစ်တာကြောင့် မြန်မာနိုင်ငံကို ရောက်ရှိနေစဉ်အတွင်း သူမတည်းခိုရာ နေရာတချို့မှာ နိုင်ငံခြားသားတွေအတွက် Form-C တိုင်ကြားမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကိုလည်း ပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။နိုင်ငံခြားသား ရောက်ရှိကြောင်း သတင်းပေးပို့ခြင်း (Form-C Arrival Report) ဟာ တစ်ဦး (ဒါမှမဟုတ်) အဖွဲ့လိုက် နိုင်ငံခြားသားတွေ မြန်မာနိုင်ငံကို ရောက်ရှိလာပါက ၎င်းတို့ ရောက်ရှိမှုကို ၂၄ နာရီအတွင်း တာဝန်ရှိသူက မိမိနေထိုင်ရာ မြို့နယ်ရှိ လ.ဝ.က ဦးစီးဌာနကို Form-C Arrival Report နဲ့ တိုင်ကြားပေးရမှာ ဖြစ်ပါတယ်။မြန်မာနိုင်ငံအတွင်းကို တရားဝင် နိုင်ငံကူးလက်မှတ်နဲ့ ဝင်ရောက် နေ

ထိုင်တဲ့ နိုင်ငံခြားသားတယောက် အနေနဲ့ တည်းခိုရာ နေရာတိုင်းမှာ ရောက်ရှိခြင်း အစီရင်ခံစာ Form-C ကို မဖြစ်မနေ ပြုလုပ်ရမှာ ဖြစ်ပါတယ်နိုင်ငံခြားသားအနေနဲ့ Form-C ပြုလုပ်ထားခြင်း မရှိပါက အစိုးရကပေးတဲ့ ဥပဒေပြစ်ဒဏ်သော်လည်းကောင်း၊ ငွေဒဏ်သော်လည်းကောင်း၊ ဒဏ်နှစ် ရပ်လုံးကို ကျခံရမှာဖြစ်တယ်လို့ သိရပါတယ်။

news-view-count-icon

59