BLACKPINK မှအဖွဲ့ဝင် လီဆာ (Lisa) ကို ထိုင်းနိုင်ငံရဲ့ ခရီးသွားပိုင်းဖွံ့ဖြိုးမှုဆိုင်ရာAmazing ရဲ့ Brand Ambassador အဖြစ်ခန့်အပ်ခဲ့

Oct 15 • 6:50 AM

breaking-news

မြန်မာ

ပြည်ပ

cover

BLACKPINK မှအဖွဲ့ဝင် လီဆာ (Lisa) ကို ထိုင်းနိုင်ငံရဲ့ ခရီးသွားပိုင်းဖွံ့ဖြိုးမှုဆိုင်ရာAmazing ရဲ့ Brand Ambassador အဖြစ်ခန့်အပ်ခဲ့

ထိုင်းနိုင်ငံရဲ့ ခရီးသွားပိုင်းဖွံ့ဖြိုးမှုဆိုင်ရာမှာ အထောက်အကူဖြစ်စေပြီး တစ်ကမ္ဘာလုံးက ပရိသတ်တွေကိုဆွဲဆောင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ Tourism Authority of Thaila...

ထိုင်းနိုင်ငံရဲ့ ခရီးသွားပိုင်းဖွံ့ဖြိုးမှုဆိုင်ရာမှာ အထောက်အကူဖြစ်စေပြီး တစ်ကမ္ဘာလုံးက ပရိသတ်တွေကိုဆွဲဆောင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ Tourism Authority of Thailand (TAT) က Amazing Thailand Ambassdor အဖြစ် BLACKPINK အဖွဲ့ဝင် Lisa ကို ခန့်အပ်လိုက်ပါတယ်။ Lisa ဟာ ထိုင်းနိုင်ငံရဲ့ ဂုဏ်ကျက်သရေဆောင်လည်းဖြစ်တယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။ TAT ရဲ့ တာဝန်ရှိသူ Thapanee က ပြောတာကတော့ ထိုင်းခရီးသွားလုပ်ငန်းတွေရဲ့ ရှေ့မျက်နှာစာအဖြစ် Lisa ကရှိလာမှာဖြစ်ပြီး၊ ထိုင်းရဲ့ ဂုဏ်ကျက်သရေဆောင်၊ ကမ္ဘာမှာ ထိုင်းဆိုတာ ဒီလိုမျိုးဆိုပြီး ဖော်ပြတဲ့ ပြယုဂ်လည်းဖြစ်လာမယ့်အပြင်၊ ထိုင်းတွေရော၊ နိုင်ငံခြားသားတွေပါ ထိုင်းကို ပိုမိုလည်ပတ်ဖို့ တိုက်တွန်းနိုင်တဲ့ အင်အားတစ်ခုဖြစ်လာမှာပါလို့ဆိုထားပါတယ်။Lisa ဟာ ထိုင်းအတွက် ဂုဏ်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်သလို၊ သူ့ရဲ့ ကျော်ကြားမှုတွေကြောင့် ထိုင်းနိုင်ငံရဲ့ လှပတဲ့ သဘာဝပတ်ဝန်းကျင် မတူကွဲပြားတည်ရှိနေတဲ့ ပတ်ဝန်းကျင်တွေအကြောင်း၊ လည်ပတ်စရာတွေအကြောင်း လူများများဆီရောက်ဖို့ အထောက်အကူပြုမယ်လို့ဆိုပါတယ်။ Lisa အနေနဲ့ ဒီရာထူးကနေ အဓိကလုပ်ဆောင်ရမှာကတော့ ကမ္ဘာအနှံ့က ခရီးသွားတွေ ထိုင်းကို အများအပြား လာရောက်ဖို့ ဆော်သြပေးရမှာပါ။ Lisa ကို ခန့်အပ်ပြီးတာနဲ့ ထိုင်းဆိုတာ ကမ္ဘာလှည့် ခရီးသွားတွေအတွက် လုံခြုံစိတ်ချရတဲ့ နေရာဖြစ်ကြောင်း အင်တိုက်အားတိုက် ကြော်ငြာသွားမယ်လို့လည်း ဖော်ပြထားပါတယ်။

news-view-count-icon

38