ပျူခေတ်အချိန်ကာလမှစတင်ကာ သဘင်သည် အတီး၊ အမှုတ်၊ အကများနှင့် စတင်အခြေပြုခဲ့သည့် အထောက်အထားများရှိနေသောကြောင့် မြန်မာ့သဘင်နေ့ အမြန်ဆုံးသတ်မှတ်နိုင်ရန် ဆောင်ရွက်မည်ဟု မြန်မာနိုင်ငံသဘင် အစည်းအရုံး (ဗဟို)က ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံသဘင် အစည်းအရုံး(ဗဟို)က ကမကထပြုပြီး မြန်မာသဘင်နေ့ သ-တ်မှတ်နိုင်ရန်အတွက် မကြာခင်တွင် အလုပ်ရုံဆွေးနွေးပွဲများကျင်းပသွားမည်ဟု ထုတ်ပြန်ချက်အရ သိရပါတယ်။ထိုအလုပ်ရုံဆွေးနွေးပွဲများတွင် အနုပညာနယ်ပယ်အသီးသီး၊သမိုင်းပညာရှင် အသီးသီးနှင့် အတတ်ပညာရှင်အသီးသီးကို ဖိတ်ခေါ်ကာပြုလုပ်မည်ဟုလည်း ဆိုသည်။ မြန်မာ့သဘင်နေ့ သတ်မှတ်နိုင်ရေးနှင့် သက်ဆိုင်သည့် အကြံဉာဏ်များ၊ သမိုင်းအချက်အလက်များ၊ သတင်းအချက်အလက်များကို မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)ထံ ဆက်သွယ်ပေးပို့ကြရန်လည်း အသိပေးထုတ်ပြန်ထားသည်။



