၁၅.၁၀.၂၀၂၅ ရက်ယနေ့၊ မြန်မာစံတော်ချိန်၀၀နာရီ ၁၀ မိနစ်အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ခိုင်နေဝင်းလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။အဆိုပါ သတင်းရရှိသဖြင့် မအူပင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပါတယ်။မြန်မာစံတော်ချိန် ၀၀နာရီ ၂၀မိနစ် အချိန်တွင် မီးငြိမ်းခဲ့ပါသည်။



