မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိတဲ့ ထောပတ်သီးတွေ ဝယ်ယူဖို့ အိန္ဒိယနဲ့ ရုရှားနိုင်ငံတို့က စိတ်ဝင်စားမှု ရှိပေမယ့်လည်း လက်ရှိမှာ တင်ပို့ဖို့ အခက်အခဲရှိနေကြောင်း ထောပတ်သီးလုပ်ငန်းရှင်အသိုင်းအဝိုင်းက ပြောပါသည်။ယခင်က အိန္ဒိယကို ကလေး-တမူးလမ်းကြောင်းကနေ တင်ပို့နိုင်ပေမယ့် အခုတော့ အိန္ဒိယကို သွားမယ့်လမ်းကြောင်း မရှိဖြစ်နေတာကြောင့် တိုင်ပင်ဆွေးနွေးနေဆဲလို့ မြန်မာနိုင်ငံ ထောပတ်အသီးအသင်း (MAVO) နဲ့ နီးစပ်သူတစ်ဦးက ပြောပါသည်။ယခုနှစ်တွင် ပြည်ပကို ထောပတ်သီးတန်ချိန် ၁၀,၀၀၀ ကျော် တင်ပို့နိုင်ဖို့ မျှော်မှန်းထားပြီး လက်ရှိမှာ ထိုင်းဈေးကွက်ကို အဓိကတင်ပို့နေတာလည်း ဖြစ်ပါသည်။



