ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ဒီဇင်ဘာလ ကျောင်းပိတ်ရက်နှင့် အခန်းဆုံးစာမေးပွဲအကြောင်း အသိပေးအပ်ခြင်း

Oct 13 • 3:02 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ဒီဇင်ဘာလ ကျောင်းပိတ်ရက်နှင့် အခန်းဆုံးစာမေးပွဲအကြောင်း အသိပေးအပ်ခြင်း

အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိက ကျောင်းများတွင် ကျောင်းအဆင့်အလိုက် ဒီဇင်ဘာလ (အခန်းဆုံးတတ်မြောက်မှုစစ်ဆေးခြင်း) စာမေးပွဲကို (၁၁-၁၂-၂၀၂၅...

အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိက ကျောင်းများတွင် ကျောင်းအဆင့်အလိုက် ဒီဇင်ဘာလ (အခန်းဆုံးတတ်မြောက်မှုစစ်ဆေးခြင်း) စာမေးပွဲကို (၁၁-၁၂-၂၀၂၅) ရက်နေ့မှ (၁၈-၁၂-၂၀၂၅) ရက်နေ့အထိ (၇) ရက်ကြာ ပြုလုပ်ဆောင်ရွက်မည်ဖြစ်ပြီး၊ တနင်္ဂနွေနေ့တွင်ပိတ်ရက်ဖြစ်ပါသည်။အဆိုပါ စာမေးပွဲတွင် တစ်ရက်လျှင် ၂ ဘာသာရပ် စစ်ဆေးမည်ဖြစ်ပြီး၊ မေးခွန်းတစ်စောင်၏ အမှတ်အနေနဲ့ ၂၅ မှတ် နှင့် စာသင်ချိန်တစ်ချိန် ဖြင့်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ထို့အပြင် စစ်ဆေးမည့် သင်ခန်းစာများမှာ အောက်တိုဘာလမှ နိုဝင်ဘာလအထိ သင်ကြားပြီးသော အခန်းများသာ ဖြစ်ပါသည်ဒီဇင်ဘာလ (၂၀.၁၂.၂၀၂၅) ရက်နေ့မှ (၂၅.၁၂.၂၀၂၅) ရက်နေ့အထိကို အခြေခံပညာကျောင်းများအတွက် ဒီဇင်ဘာလ ပိတ်ရက်ကာလ အဖြစ် သတ်မှတ်ထားပါသည်။ထိုကာလအတွင်း ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်း၊ အသိပညာတိုးတက်ရေးနှင့် မိသားစုအတွင်း ပညာရေးဆိုင်ရာ လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်ရန် တိုက်တွန်းအပ်ပါသည်။


news-view-count-icon

142