ဆီးရီးယားအသင်းနှင့် ဒုတိယအကျော့တွင် ရလဒ်ကောင်းရရန်ကြိုးစားမည်ဟု မြန်မာနည်းပြပြော

Oct 13 • 3:00 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဆီးရီးယားအသင်းနှင့် ဒုတိယအကျော့တွင် ရလဒ်ကောင်းရရန်ကြိုးစားမည်ဟု မြန်မာနည်းပြပြော

အောက်တိုဘာ၁၃ရက်၊ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းမှာပြုလုပ်တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဦးမျိုးလှိုင်ဝင်းက အခုလိုပြောကြားလိုက်တာပါ။မြန်မာအသ...

အောက်တိုဘာ၁၃ရက်၊ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းမှာပြုလုပ်တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဦးမျိုးလှိုင်ဝင်းက အခုလိုပြောကြားလိုက်တာပါ။မြန်မာအသင်းဟာ အောက်တိုဘာ၉ရက်က ဆော်ဒီနိုင်ငံမှာ ကစားခဲ့တဲ့ ဆီးရီးယားအသင်းနဲ့ ပထမအကျော့ပွဲစဉ်မှာ ငါးဂိုး-တစ်ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။အဝေးကွင်းပွဲစဉ်မှာ ခရီးသွားလာရေး၊ ရာသီဥတု၊ ကစားသမားတွေရဲ့ ပင်ပန်းနွမ်းနယ်မှုနဲ့ ဒဏ်ရာပြဿနာတွေကို ရင်ဆိုင်ခဲ့ရတယ်လို့ ဦးမျိုးလှိုင်ဝင်းက ပြောပါတယ်။ဆီးရီးယားနဲ့ ရန်ကုန်မြို့မှာယှဉ်ပြိုင်ရမဲ့ပွဲဟာ ခြေစစ်ပွဲအိမ်ကွင်းနောက်ဆုံးပွဲစဉ်ဖြစ်တာကြောင့် ရလဒ်ကောင်းဖို့ ကြိုးစားသွားမယ်လို့လည်း ပြောပါတယ်။


news-view-count-icon

13