မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကမာဝက်မြို့ရှိ ဆံတော်ရှင်ကျိုက်တမော့စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်သို့ တောင်တက်ဘုရားဖူး ရာနှင့်ချီ၍ လာရောက်လည်ပတ်ဖူးမျှော်ကြကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။အဆိုပါ ဆံတော်ရှင် ကျိုက်တမော့စေတီတော်ဘုရားပွဲကိုနှစ်စဉ်သီတင်းကျွတ်လပြည့်ကျော် (၆)ရက်မှ (၈)ရက်အထိ (3)ရက်တိုင်တိုင် ကျင်းပလေ့ရှိကြောင်း သိရသည်။တောင်တက်ဘုရားဖူးမျှော်ခွင့်ကို နံနက် (၄)နာရီမှ ညနေ (၅) နာရီ အထိသာ ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ကျိုက်တမော့စေတီတော်သို့ တောင်တက်ဖူးသူများခြေလျင်ဖြင့်လည်းကောင်း၊ တောင်တက်ကားများဖြင့်လည်းကောင်း တက်ရောက်နိုင်ပြီး မော်တော်ဆိုင်ကယ်တက်ရောက်ခွင့်မပြုကြောင်း သိရသည်။
ကျိုက်တမော့ကြီးဘုရားပွဲ တောင်တက်ဘုရားဖူး ရာနှင့်ချီ လာရောက်လည်ပတ်
Oct 13 • 12:29 PM
မြန်မာ
မွန်
မျှဝေမည်
5 | 0 | 0 | 0 |