ကျောက်မဲမှ သားအမိ ၂ ဦး ပြင်ဦးလွင်တွင် ရန်ပြုခံရပြီး မိခင်ဖြစ်သူ သေဆုံး

Oct 13 • 12:28 PM

breaking-news

မြန်မာ

ရှမ်း

cover

ကျောက်မဲမှ သားအမိ ၂ ဦး ပြင်ဦးလွင်တွင် ရန်ပြုခံရပြီး မိခင်ဖြစ်သူ သေဆုံး

ပြင်ဦးလွင်ရှိ ဘော်ဒါဆောင်၌ ကျောင်းတက်နေသည့် သမီးဖြစ်သူထံ အလည်သွားသူ ​ဒေါ်နန်းရွှေစိန် ဆိုသူကို ယင်းဘော်ဒါဆောင်တွင် မုန့်ရောင်းသူ နန်းမိုဟွမ်ခမ်း ဆိုသူ အမျိုးသမ...

ပြင်ဦးလွင်ရှိ ဘော်ဒါဆောင်၌ ကျောင်းတက်နေသည့် သမီးဖြစ်သူထံ အလည်သွားသူ ​ဒေါ်နန်းရွှေစိန် ဆိုသူကို ယင်းဘော်ဒါဆောင်တွင် မုန့်ရောင်းသူ နန်းမိုဟွမ်ခမ်း ဆိုသူ အမျိုးသမီးမှ ၁၂ တန်းကျောင်းသူ သမီးလေးနှင့် ကျောင်းပိတ်ရက်အလည်လာသူ မိခင်တို့ကို အောက်တိုဘာလ ၈ ရက်က လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။ ၎င်း၏ပြောပြချက်အရ ဘော်ဒါဆောင်မှမုန့်ရောင်းသူ မိုဟွမ်ခမ်းက အကူအညီခဏပေးရန်ဆိုကာ ကျောင်းသူ၏မိခင်အား အပြင်သို့ခေါ်ဆောင်သွားကြောင်း၊ သွားရာမှကြာနေသဖြင့် သမီးဖြစ်သူက ဖုန်းဆက်ရာမိခင်ဖြစ်သူ အားဖုန်းခေါ် ၍မရတော့ကြောင်း၊ ယင်းအချိန်တွင် မိခင်အားခေါ်သွားသူ မိုဟွမ်ခမ်းက ပြန်လာပြီးကျန်ရစ်ခဲ့သူ သမီးကျောင်းသူကို “နင့်အမေက ခေါ်ခိုင်းလိုက်ကြောင်း၊ နင့်အမေဖုန်းကျကွဲလို့ ဖုန်းဆက်မရနိုင်ကြောင်း၊ အမေထံသွားဖို့ သူနဲ့လိုက်ခဲ့” ဟု ဆိုပြီး ခေါ်သဖြင့် ဆိုင်ကယ်ဖြင့် ပြင်ဦးလွင်မြို့ပြင် လူပြတ်သောနေရာသို့ ခေါ်ဆောင်သွားခံရကြောင်း သိရသည်။ယင်းနောက် ခဏနားမည်ဟုဆိုကာ ဆိုင်ကယ်ရပ်ပြီး နားနေစဉ် ကျောင်းသူလေး၏ ဦးခေါင်းနောက်စေ့အား အသင့်ပါလာသော ဝိုင်ပုလင်းဖြင့် မိုဟွမ်ခမ်းက အားကုန်ရိုက်လိုက်ပြီး မှောက်သွားသည့်အခါ ကျောင်းသူလေးကို ခွစီးထားပြီး ဦးခေါင်းနှင့်မြေကြီးကို ဆောင့်ရိုက် ပြီး မေ့မျော့နေစဉ် ဓာတ်ဆီဖြင့်လောင်းပြီး မီးရှို့ ခဲ့သည်ဟု သိရသည်။ကျောင်းသူကောင်မလေးမှာ နာကျင်မှု မီးလောင်စွဲမှု တို့နှင့် သတိရတချက် မရတချက်ရှိရာမှ သတိရသည့် ခဏတွင် မီးလောင်စွဲနေသည့်အင်္ကျီကို ဆွဲချွတ်လိုက်ပြီး လမ်းဘေးမှာ ရှိသည့် ကြံခင်းခြံထဲသို့ ထွက်ပြေးရာမှ အနီးအနားကရွာသူရွာသူများ၏ ကူညီစောင့်ရှောက်မှုဖြင့် ပြင်ဦးလွင်ဆေးရုံသို့ရောက်သွားသည်ဟု သိရသည်။ကျောင်းသူ၏ မိခင်ဖြစ်သူအား လိုက်ရှာရာ အခင်းဖြစ်အနီးတွင် လည်ပင်းကို အဝတ်ဖြင့် ညှစ်သတ်ခံထားရပြီး မျက်နှာကို ရုပ်ပျက်အောင် ထုနှက်ခံထားရပြီး သေဆုံးနေသည်ကို တွေ့ရှိရသည်ဟု သိရသည်။သားအမိ ၂ ဦး၏ သတင်းကြားသဖြင့် ကျောက်မဲမှ လိုက်သွားသူ ဖခင်မှာလည်း ဆိုင်ကယ်မှောက်ဖြင့် ဒဏ်ရာများရကြောင်း ကျောက်မဲဒေသခံတစ်ဦးက ပြောသည်။​




news-view-count-icon

26