ယနေ့သည် ထိုင်းနိုင်ငံ၏ ယခင်ဘုရင်မင်းမြတ် ဘူမိဘော နတ်ရွာစံခြင်း ၉နှစ်ပြည့်နေ့ဖြစ်ပါသည်။ ဘုရင်မင်းမြတ် ဘူမိဘောဟာ အောက်တိုဘာ ၁၃ ရက်၊ ၂၀၁၆ ခုနှစ် နေ့လယ် ၃ နာရီ ၅၂ မိနစ်မှာ နတ်ရွာစံခဲ့တာဖြစ်ပါသည်။ (၁၉၄၆-၂၀၁၆) ခုနှစ်အတွင်း၊ နန်းသက် ၇၀ အထိထိုင်းနိုင်ငံကို အုပ်ချုပ်စိုးစံခဲ့တာဖြစ်ပါသည်။ အာရှရဲ့ တတိယမြောက် သက်တမ်းအရှည်ဆုံး အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်ရပ်တည်စေခဲ့သူ မင်းတစ်ပါးဖြစ်တာကြောင့် ပြည်သူနှင့် တိုင်းတစ်ပါးတို့ရဲ့ ချစ်ခင်လေးစားမှုအများအပြားကို လက်ခံပိုင်ဆိုင်ခဲ့ရသူ မင်းမြတ်တစ်ပါးအဖြစ်လူသိများပါသည်။ယနေ့ကျရောက်ပါတဲ့ ထိုင်းဘုရင် ဘူမိဘော အောက်မေ့သတိရခြင်းနေ့ကို အများပြည်သူရုံးပိတ်ရက်အဖြစ်သတ်မှတ်ကာ ထိုင်းနိုင်ငံအနှံ့ပွဲတော်များကျင်းပကြပြီး ပြည်သူအများပါဝင်ဆင်နွှဲလျက်ရှိကြပါသည်။ထိုင်းပြည်သူအများဟာ ဘုရင်ကြီး ဘူမိဘောရဲ့ ဆုံးမလမ်းညွှန်မှုများကို ပြန်လည်အောက်မေ့သတိရ ဂုဏ်ပြုပေးကြသလို ထိုင်းရောက်မြန်မာတို့အနေနဲ့လည်း ဘုရင်ကြီးရဲ့ အောက်မေ့ပွဲအခမ်းအနားများမှာ အတူတကွလေးစားစွာ ပါဝင်ဆင်နွှဲနိုင်ကြဖို့ တိုက်တွန်းပြောကြားလိုက်ရပါသည်။
ထိုင်းနိုင်ငံ၏ ဘုရင်မင်းမြတ် ဘူမိဘော နတ်ရွာစံခြင်း ၉နှစ်ပြည့်နေ့ဖြစ်သောကြောင့် နိုင်ငံတဝန်း အောက်မေ့သတိရခြင်းနေ့ကျင်းပ
Oct 13 • 2:26 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 10 | 0 | 0 | 0 |


