U9 ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ အချိန်ငါးနာရီခန့်ကြာ ပြတ်တောက်မှုဖြစ်ခဲ့ကာ မနက်11နာရီနောက်ပိုင်းမှပြန်အသုံးပြုလို့ရ

Oct 12 • 8:32 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

U9 ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ အချိန်ငါးနာရီခန့်ကြာ ပြတ်တောက်မှုဖြစ်ခဲ့ကာ မနက်11နာရီနောက်ပိုင်းမှပြန်အသုံးပြုလို့ရ

ယနေ့(အောက်တိုဘာ ၁၂ ရက်) နံနက်ပိုင်းတွင် U9 ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများအချိန်ငါးနာရီခန့်ကြာ ပြတ်တောက်မှုဖြစ်ပွားခဲ့ကြောင်း U9 အသုံးပြုသူများထံမှသိရသည်။ည...

ယနေ့(အောက်တိုဘာ ၁၂ ရက်) နံနက်ပိုင်းတွင် U9 ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများအချိန်ငါးနာရီခန့်ကြာ ပြတ်တောက်မှုဖြစ်ပွားခဲ့ကြောင်း U9 အသုံးပြုသူများထံမှသိရသည်။ညက အိမ်က wifi လိုင်းပြတ်တော့ U9 ဒေတာနဲ့ပြောင်းသုံးတာ မနက် ၃ နာရီထိရသေးတယ်။အခုမနက် ၈ နာရီကျ တိုင်အကုန် ပျောက်ပြီး အင်တာနက်လိုင်းရော ဖုန်းလိုင်းရော ဘာမှမရတော့တာ။ အခု နေ့လယ် ၁၂ လောက်မှပြန်ရတယ်။ U9လို့ ပြောင်းပြီးကတည်းက တိုင်ခဏခဏပျောက်တယ်။ အင်တာနက်လိုင်းလည်း အရင်လိုမကောင်းတော့ဘူး။စုတ်လိုက်တဲ့လိုင်း Data package ဝယ်ထားပြီး ဘာမှလုပ်မရ။ အင်တာနက်သုံးရင် ဘေလ်လည်းတအားစားတယ်" ဟု U9 အသုံးပြုသူတစ်ဦးမှဆိုပါတယ်။ယင်း ဖြစ်စဉ်နှင့်ပတ်သက်ပြီး U9 Facebook Page တွင် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတစ်ရပ်ကြောင့် ဝန်ဆောင်မှုများကို ထိခိုက်စေသည့် ကွန်ရက်ပြတ် တောက်မှုတစ်ခု ဖြစ်ပွားလျက်ရှိ၍ သုံးစွဲသူများအား တောင်းပန်ကြောင်း အသိပေးကြေညာခဲ့ပြီး ယင်းအသိပေးမှုကို ပြန်လည်ဖြုတ်ချသွားခဲ့သည်။ထို့နောက် ယနေ့ နံနက် ၁၁ နာရီတွင် ဝန်ဆောင်မှုများ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း၊ ကွန်ရက်ပြဿနာ များအားလုံးကို အောင်မြင်စွာပြင်ဆင်ပြီးဖြစ်ကြောင်း U9 Facebook Page တွင်ထပ်မံရေးသားထားသည်။

news-view-count-icon

13