မန္တလေးပြင်ဦးလွင်၊ ၈ ထပ်ရေတံခွန်တောင်တွင် ပြုတ်ကျသေဆုံးသွားသော မြန်မာနိုင်ငံတွင် မသန်စွမ်းများအတွက် ဆရာမအဖြစ် အလုပ်လုပ်နေသူဖြစ်သည့်အမေရိကန်နိုင်ငံသူAnastasia “Anna” DeShais၏ အရိုးပြာကို အမေရိကန်သို့ ပြန်သယ်

Oct 12 • 7:50 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မန္တလေးပြင်ဦးလွင်၊ ၈ ထပ်ရေတံခွန်တောင်တွင် ပြုတ်ကျသေဆုံးသွားသော မြန်မာနိုင်ငံတွင် မသန်စွမ်းများအတွက် ဆရာမအဖြစ် အလုပ်လုပ်နေသူဖြစ်သည့်အမေရိကန်နိုင်ငံသူAnastasia “Anna” DeShais၏ အရိုးပြာကို အမေရိကန်သို့ ပြန်သယ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ၈ ထပ် ရေတံခွန်တောင်တွင် ရေကစားရင်း ပြုတ်ကျသေဆုံးသွားသော အမေရိကန်နိုင်ငံသူ၏ အရိုးပြာကို မိသားစုဝင်များက အမေရိကန်သို့ ပြန်လည် သ...

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ၈ ထပ် ရေတံခွန်တောင်တွင် ရေကစားရင်း ပြုတ်ကျသေဆုံးသွားသော အမေရိကန်နိုင်ငံသူ၏ အရိုးပြာကို မိသားစုဝင်များက အမေရိကန်သို့ ပြန်လည် သယ်ယူခဲ့ပြီဖြစ်ကြောင်း မီချီကန်ပြည်နယ်သတင်းများအရ သိရှိရသည်။‌ေသဆံုးသူအမေရိကန်နိုင်ငံသူ အမျိုးသမီးမှာ ပြင်ဦးလွင် ၈ ထပ် ရေတံခွန်တွင် အခြားသူများကို ကယ်တင်ရန် ကြိုးပမ်းစဉ် သေဆုံးသွားသွားခဲ့ကြောင်း သူမသည် ၁၀ စုနှစ်တစ်ခုကို မြန်မာနိုင်ငံနှင့် အာရှနိုင်ငံများတွင် နေထိုင်ရင်း ဆွံ့အ နားမကြားသူများအတွက် Sign Language ကို သင်ကြားပေးနေသူဖြစ်ကြောင်း၊ မွေးချင်း ၅ ဦးတွင် အငယ်ဆုံးဖြစ်ပြီး အကို ၄ ဦးရှိကြောင်း သိရှိရသည်။ စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန် ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကျေးရွာအုပ်စု၊ အုန်းနှဲရေအရှေ့ ကျေးရွာရှိ ၈ ထပ်ရေတံခွန်တောင်သို့ လူ ၁၄ သွားရောက် ရေကစားခဲ့ရာ ၅ ဦးမှာ ၃ ထပ် ရေတံခွန်သို့ ပြုတ်ကျခဲ့ပြီး ၄ ဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသူများတွင် အမေရိကန်နိုင်ငံသူ အသက် ၂၈ နှစ်အရွယ် Anastasia “Anna” DeShais ဆိုသူပါဝင်သွားကြောင်း၊ ၎င်းသည် မီချီကန်ပြည်နယ်မှ ဖြစ်ကြောင်း၊ အောက်တိုဘာလ ၇ ရက်နေ့တွင် သူမ၏ အရိုးပြာကို သူမနေထိုင်ရာ မီချီကန်ပြည်နယ်သို့ မိသားစုဝင်များက သယ်ဆယ်သွားကြောင်း သိရှိရသည်။DeShais မှာ မြန်မာနိုင်ငံ၊ မော်လမြိုင်တွင် အင်္ဂလိပ်စာအွန်လိုင်းနှင့် မူလတန်းကျောင်း သင်တန်းဆရာမအဖြစ် သင်ကြားပို့ချပေးခဲ့ကြောင်း၊ သေဆုံးချိန်တွင် အလောင်းကိုသဂြိုလ်လိုက်ပြီး အရိုးပြာများကို မြန်မာနိုင်ငံတွင် နေထိုင်သော အကိုဖြစ်သူက အမေရိကန်သို့ ပြန်လည်သယ်ဆောင်သွားခြင်းဖြစ်ပါတယ်။


news-view-count-icon

26