ထိုင်းနိုင်ငံ၊ ပထုံဌာနီမြို့တွင် ဂက်စ်ပေါက်ကွဲမှုကြောင့် အရပ်သား (၂) ဦးသေဆုံးကာ (၆) ဦးဒဏ်ရာရခဲ့

Oct 11 • 4:28 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ ပထုံဌာနီမြို့တွင် ဂက်စ်ပေါက်ကွဲမှုကြောင့် အရပ်သား (၂) ဦးသေဆုံးကာ (၆) ဦးဒဏ်ရာရခဲ့

ထိုင်းနိုင်ငံ၊ ပထုံဌာနီမြို့တွင် ယနေ့ အောက်တိုဘာ ၁၁ ရက် နံနက် ၇ နာရီ ၁၀ မိနစ်အချိန်က ဂက်စ်ပေါက်ကွဲမှုကြောင့် အရပ်သား (၂) ဦးသေဆုံးပြီး (၆) ဦးဒဏ်ရာရခဲ့ကြောင်း ဒေ...

ထိုင်းနိုင်ငံ၊ ပထုံဌာနီမြို့တွင် ယနေ့ အောက်တိုဘာ ၁၁ ရက် နံနက် ၇ နာရီ ၁၀ မိနစ်အချိန်က ဂက်စ်ပေါက်ကွဲမှုကြောင့် အရပ်သား (၂) ဦးသေဆုံးပြီး (၆) ဦးဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ပထုံဌာနီမြို့၊ ဘန်ပလော့ရပ်ကွက်ရှိ တိုက်ခန်းတစ်ခု၌ ထမင်းဟင်းချက်ရာ တွင် အသုံးပြုသည့် ဂက်စ်အိုးတစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဖြစ်စဉ်ကြောင့် တိုက်ခန်းအဆောက်အအုံအတွင်း မီးလောင်ကျွမ်းကာ ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး အရပ်သား (၂) သေဆုံး၍ (၆) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။လက်ရှိတွင် ဂက်စ်အိုးပေါက်ကွဲရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို ထိုင်းအာဏာပိုင်များက စစ်ဆေးလ်ျရှိကြောင်း သိရသည်။


news-view-count-icon

10