ရှမ်းပြည်နယ်၊တောင်ကြီး‘တန်ဆောင်တိုင်မီးပုံးပျံပွဲတော်’တွင် ပါဝင်ယှဉ်ပြိုင်မည့်သူများစာရင်းပေးသွင်းရန်ဖိတ်ခေါ်

Oct 11 • 3:39 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
breaking-news
cover

ရှမ်းပြည်နယ်၊တောင်ကြီး‘တန်ဆောင်တိုင်မီးပုံးပျံပွဲတော်’တွင် ပါဝင်ယှဉ်ပြိုင်မည့်သူများစာရင်းပေးသွင်းရန်ဖိတ်ခေါ်

ရှမ်းပြည်၊‌တောင်ကြီးမြို့မှာနှစ်စဉ်ကျင်းပလေ့ရှိတဲ့၂၀၂၅ခုနှစ်ရိုးရာမီးပုံးပျံပြိုင်ပွဲအားအဝေရာမီးပုံးပျံကွင်းကြီးမှာ(အောက်တိုဘာလ၂၉.၁၀.၂၀၂၅ မှ နိုဝင်ဘာလ ၄.၁၁.၂၀၂၅...

ရှမ်းပြည်၊‌တောင်ကြီးမြို့မှာနှစ်စဉ်ကျင်းပလေ့ရှိတဲ့၂၀၂၅ခုနှစ်ရိုးရာမီးပုံးပျံပြိုင်ပွဲအားအဝေရာမီးပုံးပျံကွင်းကြီးမှာ(အောက်တိုဘာလ၂၉.၁၀.၂၀၂၅ မှ နိုဝင်ဘာလ ၄.၁၁.၂၀၂၅) ရက်နေ့အထိပြိုင်ပွဲကျင်းပသွားမှာဖြစ်တယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်းရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ သိရပါတယ်။နိုဝင်ဘာလ(၅)ရက်မှာတော့ဆုပေးပွဲအခမ်း အနားအားကျင်းပပြုလုပ်သွားတယ်လို့ ဆိုပါတယ်။

နေ့လွတ်အရုပ်မီးပုံးပျံပြိုင်ပွဲစာရင်းပေးသွင်းရမယ့်ရက်မှာ (၁. ၁၀. ၂၀၂၅) မှ(၅. ၁၀. ၂၀၂၅)နေ့ထိကိုကန်အရှေ့ရပ်ကွက်ရုံးမှာ လည်းကောင်း(၆. ၁၀.၂၀၂၅ မှ ၁၅.၁၀ ၂၀၂၅) နေ့အထိကို အိမ်အမှတ်(ရ/၁၉၀) ရတနာသီရိရပ်ကွက် အနောက်မြို့ပါတ်လမ်း ပါရမီဆေးဆိုင်ဘေး ဦးတင်အေးနေအိမ်တွင်ရုံးဖွင့်ပြီး မနက်၉နာရီမှ ညနေ၄နာရီထိစာရင်း လက်ခံပေးသွားမှာဖြစ်ပါတယ်။(၁၇.၁၀.၂၀၂၅) ရက်နေ့မှာပြိုင်ပွဲဝင်နေ့လွတ်အရုပ်မီးပုံးပျံအဖွဲ့တွေနေ့လည်(၁)နာရီအချိန်၊ကန်ရှေ့ရပ်ကွက်ရုံးမှာမဲနှိုက်သွားဖို့ရှိပါတယ်။

news-view-count-icon

15