သရုပ်ဆောင်ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်ဟာ
သူတို့ရဲ့ ၅ ပွဲပြုလုပ်သွားမယ့် မင်္ဂလာပွဲကို အောက်တိုဘာလ ၁၁ ရက် ယနေ့ကစပြီး Lotte Hotel မှာ စေ့စပ်ပွဲအခမ်းအနားနဲ့ စတင်မှာပဲဖြစ်ပါတယ်။ စေ့စပ်ပွဲပြီးပါက နိုဝင်ဘာလ ၁ ရက်နေ့မှာ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲ၊ နိုဝင်ဘာလ ၁၀ ရက်မှာ မင်္ဂလာဦးဆွမ်းကျွေးပွဲ၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ စုလျားရစ်ပတ်ဘိသိတ်မင်္ဂလာပွဲ၊ နိုဝင်ဘာ ၁၅ ရက်နေ့မှာ မင်္ဂလာညစာစားပွဲတို့ကို ခမ်းနားစွာကျင်းပသွားမှာပဲဖြစ်ပါတယ်။