ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ထင်ရှားသည့် ပွဲတော်တစ်ခုဖြစ်သော တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို လာရောက်မည့်သူများပြားသောကြောင့် ဟိုတယ်၊ မိုတယ်များနှင့် ဘုန်းကြီးကျောင်းများပါ ဧည့်သည်ပြည့်နေကြောင်း သိရသည်။တောင်ကြီးမီးပုံးပျံပွဲကို အောက်တိုဘာ ၂၉ ရက်နေ့မှစတင်ကာ တပတ်တာကျင်းပပြုလုပ်မည်ဖြစ်ပြီး နိုဝင်ဘာ ၅ ရက်နေ့အထိ ဖြစ်သည်။တောင်ကြီးမြို့ခံများကမူ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွက် ခရီးသွားသူများကိုရက်တိုအိမ်လုံးချင်းလိုက် ငှါးရမ်းခြင်း၊ ဘန်ဂလိုအိမ်ငှါးရမ်းခြင်းမျိုး ပြုလုပ်ပေးနေကြသည်ဟုလည်း မြို့ခံတစ်ဦးဆီမှသိရသည်။တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်ကြီး ကျင်းပစဉ်အတွင်း နေ့ပိုင်းတွင် ခြေနှစ်ချောင်း၊ ခြေလေးချောင်းအရုပ်အုပ်စု မီးပုံးပျံများနှင့် ညပိုင်းတွင် စိန်နားပန်မီးပုံးပျံ၊ ညမီးကျည်မီးပုံးပျံများကို လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ကြီးတန်ဆောင်တိုင် ပွဲတော်အတွက် ဘုန်းကြီးကျောင်းများပါ ဧည့်သည်ပြည့်နေ
Oct 10 • 5:04 PM
မြန်မာ
ရန်ကုန်
မျှဝေမည်
6 | 0 | 0 | 0 |