ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင်ရှိ ပိတ်စဆေးဆိုးပန်းရိုက်စက်ရုံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား (၃၉)ဦးကို ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်ခံရမှုနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမားသံအရာရှိရုံးမှ ထုတ်ပြန်ထားသည်။
အဆိုပါ အလုပ်ထုတ်ခံရသည့် အလုပ်သမားများနှင့်ပတ်သက်၍ အောက်တိုဘာ (၉) ရက်တွင် အလုပ်သမားသံအရာရှိနှင့်အဖွဲ့မှ နယ်မြေခံအလုပ်သမားကာကွယ်စောင့်ရှောက်ရေး ရုံး (ဆဝါဒီကန်) တာဝန်ခံအရာရှိ၊ နယ်မြေခံအလုပ်အကိုင်ဦးစီးဌာန တာဝန်ရှိသူအဖွဲ့နှင့်ပူးပေါင်း၍ ထိုင်းနိုင်ငံအလုပ်သမားဥပဒေနှင့်အညီ ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်များ ပြန်လည်ရရှိရေးဆောင်ရွက်ပေးလျက်ရှိပါတယ်။မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အလုပ်သမားအခွင့်အရေးများ ချိုးဖေ-ာက်ခံရပါက အလုပ်သမားသံအရာရှိရုံး ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း တိကျစွာသတင်းပေးတိုင်ကြားနိုင်ကြောင်းလည်း အသိပေးထားသည်။



