ထိုင်းနိုင်ငံ၊ချင်းမိုင်ရဲ့ ခရိုင် ၆ ခုမှာ Yi Peng ပွဲတော်အတွင်း မီးပုံးပျံလွှတ်တာကို ပိတ်ပင်လိုက်

Oct 09 • 1:38 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ချင်းမိုင်ရဲ့ ခရိုင် ၆ ခုမှာ Yi Peng ပွဲတော်အတွင်း မီးပုံးပျံလွှတ်တာကို ပိတ်ပင်လိုက်

ထိုင်းနိုင်ငံ၊ချင်းမိုင် အာဏာပိုင်တွေက နိုဝင်ဘာ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ကျင်းပမယ့် ၂၀၂၅ ခုနှစ် Yi Peng Lanna မီးပုံးပျံပွဲတော်အတွင်းမှာ ခရိုင် ၆ ခုကို အထူးစောင့...

ထိုင်းနိုင်ငံ၊ချင်းမိုင် အာဏာပိုင်တွေက နိုဝင်ဘာ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ကျင်းပမယ့် ၂၀၂၅ ခုနှစ် Yi Peng Lanna မီးပုံးပျံပွဲတော်အတွင်းမှာ ခရိုင် ၆ ခုကို အထူးစောင့်ကြည့်ဇုန်တွေအဖြစ် သတ်မှတ်ပြီး မီးပုံးပျံတွေ၊ မီးရှူးမီးပန်းတွေနဲ့ အလားတူအရာဝတ္ထုတွေကို လွှတ်တင်ခွင့် တားမြစ်ထားကြောင်း ကြေညာလိုက်ပါသည်။မီးပုံးပျံနဲ့ မီးရှူးမီးပန်းတွေကို ခွင့်ပြုထားတဲ့ နေရာတွေနဲ့ သတ်မှတ်ထားတဲ့ အချိန်တွေမှာသာ လွှတ်တင်ခွင့်ပြုမှာ ဖြစ်ပါတယ်။ စည်းကမ်းချက်တွေကို ချိုးဖောက်သူတွေဟာ ထောင်ဒဏ် ၅ နှစ်အထိ၊ ငွေဒဏ် ဘတ် ၂၀၀,၀၀၀ အထိ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံး ကျခံရနိုင်ပါသည်။မြို့နယ်ခွဲ ၃၉ ခု ပါဝင်တဲ့ အောက်ပါခရိုင် ၆ ခုကို မီးပုံးပျံနဲ့ မီးရှူးမီးပန်းတွေ လွှတ်တင်ခွင့် လုံးဝတားမြစ်ထားတဲ့ အထူးစောင့်ကြည့်အဆင့် ၁ (အနီရောင်ဇုန်) အဖြစ် သတ်မှတ်ထားပါသည်။

Mueang Chiang Mai – မြို့နယ်ခွဲအားလုံး

Hang Dong – မြို့နယ်ခွဲအားလုံး

Saraphi – Khuamung, Don Kaew, San Sai, Tha Wang Tan, Nong Phueng

San Sai – Nong Han

Mae Rim – Don Kaew, Mueang Kaew, Rim Tai, Mae Sa, Rim Nuea

San Pa Tong – Thung Tom

လေယာဉ်ပျံသန်းမှု ဘေးကင်းရေးအတွက် သတ်မှတ်ထားတဲ့ Toffy Zone မှာလည်း မီးပုံးပျံနဲ့ မီးရှူးမီးပန်းဆိုင်ရာ လုပ်ဆောင်မှုအားလုံးကို တားမြစ်ထားတာဖြစ်ပါသည်။

news-view-count-icon

8