၂၀၂၅ခုနှစ်၊အောက်တိုဘာလ၊(၈)ရက်
၂၀၂၅ ခုနှစ်အတွက် နိုဘယ်ဆုတွေကို အောက်တိုဘာလ ၆ ရက်နေ့မှ ၁၃ ရက်နေ့ အတွင်း ကြေညာသွားမှာ ဖြစ်ပြီး လက်ရှိအချိန်ထိ ကြေညာပြီးစီးတဲ့ ဆုရှင်စာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။(၁)ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးပညာ (Physiology or Medicine)နိုဗယ်ဆုကိုအောက်တိုဘာ ၆ ရက်Mary E. Brunkow၊ Fred Ramsdell (အမေရိကန်) နှင့် Shimon Sakaguchi (ဂျပန်)တို့ရရှိခဲ့ပါတယ်။ကိုယ်ခံအားစနစ်ဟာ ခန္ဓာကိုယ်ရဲ့ တစ်ရှူးများကို ပြန်လည်မတိုက်ခိုက်စေရန် ထိန်းသိမ်းပေးတဲ့ နည်းလမ်းတွေနဲ့ ပတ်သက်သော ရှာဖွေတွေ့ရှိမှုများအတွက်ရရှိခဲ့တာဖြစ်ပါတယ်။(၂)ရူပဗေဒ (Physics)နိုဗယ်ဆုကို အောက်တိုဘာ ၇ ရက်John Clarke၊ Michel H. Devoret နဲ့ John M. Martinisတို့က ရရှိခဲ့ပြီး လျှပ်စစ်ပတ်လမ်းတစ်ခုမှာ မက်ခရိုစကုပ် (macroscopic) ကွမ်တမ်စက်ပိုင်းဆိုင်ရာ ဥမင်တူးခြင်းနှင့် စွမ်းအင် ပမာဏသတ်မှတ်ခြင်း (energy quantisation) ကို တွေ့ရှိခဲ့မှုအတွက် ဖြစ်ပါတယ်။(၃)ဓာတုဗေဒ (Chemistry)အောက်တိုဘာ ၈ ရက်ကြေညာရန် ကျန်ရှိပါတယ်။(၄) စာပေ (Literature)အောက်တိုဘာ ၉ ရက်ကြေညာရန် ကျန်ရှိပါတယ်။(၅)ငြိမ်းချမ်းရေး (Peace)အောက်တိုဘာ ၁၀ ရက်ကြေညာရန် ကျန်ရှိပြီး ဒေါ်နယ်ထရမ့် (Donald Trump) ဟာ နိုဗယ်ငြိမ်းချမ်းရေးဆု (Nobel Peace Prize) ကို ရဖို့အတွက် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပြီး ဆုရထိုက်တယ်လို့ မကြာခဏဆိုသလို ထုတ်ဖော်ပြောဆိုမျှော်လင့်နေပါတယ်။(၆)စီးပွားရေးသိပ္ပံ (Economic Sciences)အောက်တိုဘာ ၁၃ ရက်ကြေညာရန် ကျန်ရှိပါတယ်။ နိုဗယ်ဆုဆိုတာ လူသားမျိုးနွယ်အပေါ် အကျိုးသက်ရောက်စေရန် ဓာတုဗေဒပညာရှင်၊ တီထွင်သူတစ်ဦးနှင့် ဆွီဒင်လူမျိုးဖြစ်သည့် အဲလ်ဖရက် နိုဘယ်က "လူသားမျိုးနွယ်အတွက် အကျိုးပြုသက်ရောက်မှု ပြုနိုင်သောသူတွေကို ဆုချီးမြှင့်ဖို့" ဆိုပြီး သူကွယ်လွန်ခဲ့တဲ့ ၁၈၉၅ ခုနှစ်မှာ သေတမ်း အမှာစာချန်ခဲ့တဲ့အတွက် နှစ်စဉ်နိုဗယ်ဆုရွေးချယ်ရေးအဖွဲ့က နိုဗယ်ဆုတွေချီးမြှင့်ပေးတာဖြစ်ပါတယ်။



