ကျောက်ဆည်ဆင်အကအလှပြိုင်ပွဲတွင် ဆု(၁၆)ဆုချီးမြှင့်ခဲ့

Oct 08 • 3:13 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ကျောက်ဆည်ဆင်အကအလှပြိုင်ပွဲတွင် ဆု(၁၆)ဆုချီးမြှင့်ခဲ့

ကျောက်ဆည်ဆင်အကအလှပြိုင်ပွဲမှာ ဆုရဆင်စာရင်းတွေ ထွက်ပေါ်လာပြီး ဆု(၁၆)ဆု ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။အောက်တိုဘာလ(၅)ရက်မှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး ကလေးဆင် ရိုးရာ...

ကျောက်ဆည်ဆင်အကအလှပြိုင်ပွဲမှာ ဆုရဆင်စာရင်းတွေ ထွက်ပေါ်လာပြီး ဆု(၁၆)ဆု ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။အောက်တိုဘာလ(၅)ရက်မှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး ကလေးဆင် ရိုးရာအငယ်တန်းပထမ - ဒို့မဟာ၊ဒုတိယ - အောင်ဖြိုးခန့်၊တတိယ - ဘိုကေ၊နှစ်သိမ့်ဆု - ရွှေဆည်သစ်တို့ ရရှိခဲ့ပါတယ်။ရိုးရာဆင်အကြီးတန်းပထမဆု - ရွှေပြည်သာ၊ဒုတိယဆု - မင်းထင်ရှား၊တတိယဆု - မြင်စိုင်းဇာနည်၊နှစ်သိမ့်ဆု (ပ) -ပိတောက်မြိုင်၊နှစ်သိမ့်ဆု (ဒု) - ဇာနည်ဘွားတို့ရရှိခဲ့ပါတယ်။ဘော်ကြယ်ဆင် ပထမဆု -ခေတ်သစ်မာန်၊ဒုတိယဆု - အောင်မြင်သူ၊တတိယဆု -ဒွေးနဲ့သဘာဝဆင်ပထမဆု - ကရုဏာရှင်၊ဒုတိယဆု - ပဏ်၊အသက်ကြီးဆင်ဆုနွဲ့ဆိုး၊ဇော်ဂျီမောင်တို့က ရရှိခဲ့ပါတယ်။ကျောက်ဆည်မြို့၊ ရွှေသာလျောင်းတောင်မြတ်စွာဘုရားကြီးရဲ့ သီတင်းကျွတ်ဆင်အကအလှပြိုင်ပွဲ အခမ်းအနားကို ၁၃၈၇ ခုနှစ် ၊ သီတင်းကျွတ်လဆန်း ၁၄ ရက် (၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၊ ၅ ရက်)နေ့တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

ဆင်လှူပွဲတော်ကို သီတင်းကျွတ်လဆန်း ၁၅ ရက် (သီတင်းကျွတ်လပြည့်နေ့)မှာ ဆက်လက်ကျင်းပခဲ့ပါတယ်။



news-view-count-icon

5