ထိုင်းနိုင်ငံတွင် ငွေကြေးသုံးစွဲမှု မြင့်မားစေဖို့ အစိုးရက ဘတ် ၄၄ ဘီလီယံ ထောက်ပံ့ကူညီမည်ဖြစ်

Oct 08 • 2:15 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံတွင် ငွေကြေးသုံးစွဲမှု မြင့်မားစေဖို့ အစိုးရက ဘတ် ၄၄ ဘီလီယံ ထောက်ပံ့ကူညီမည်ဖြစ်

ထိုင်းဝန်ကြီးချုပ် Anutin Charnvirakul ရဲ့ အစိုးရဟာ ငွေကြေးသုံးစွဲမှု မြင့်မားစေဖို့ ဘတ်  ၄၄ ဘီလီယံ ထောက်ပံ့ကူညီမယ့် အစီအစဉ်ကို အတည်ပြုလိုက်ပါသည်။အရည်အချင်းပြည့...

ထိုင်းဝန်ကြီးချုပ် Anutin Charnvirakul ရဲ့ အစိုးရဟာ ငွေကြေးသုံးစွဲမှု မြင့်မားစေဖို့ ဘတ်  ၄၄ ဘီလီယံ ထောက်ပံ့ကူညီမယ့် အစီအစဉ်ကို အတည်ပြုလိုက်ပါသည်။အရည်အချင်းပြည့်မီတဲ့ ထိုင်းနိုင်ငံသား သန်း ၂၀ ခန့်ရဲ့ ငွေကြေးသုံးစွဲမှု ပိုမိုမြင့်တက်လာပြီး ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) ကို ၀.၃ ရာခိုင်နှုန်းကနေ ၀.၄ ရာခိုင်နှုန်းအထိ တိုးလာစေဖို့ ကူညီပေးလိမ့်မယ်လို့ အစိုးရက ခန့်မှန်းထားပါသည်။ထို co-payment အစီအစဉ်ကို အောက်တိုဘာ ၂၉ ရက်နေ့ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး အသက် ၁၆ နှစ်နဲ့အထက် ထိုင်းနိုင်ငံသားအများစုအတွက် အနည်းဆုံး ဘတ် ၂,၀၀၀ ခွဲဝေချထားပေးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ထောက်ပံ့ကြေးကို သတ်မှတ်ပမာဏမပြည့်မချင်း တစ်ဦးကို တစ်နေ့ ဘတ် ၂၀၀ နှုန်းနဲ့သာ သုံးစွဲခွင့်ရှိမှာ ဖြစ်ပါသည်။

news-view-count-icon

13