နေပြည်တော်-ရန်ကုန် DEMUရထားလက်မှတ်တွေကို အွန်လိုင်းက တစ်ဆင့် ဝယ်ယူသွားနိုင်ဖို့ရှိနေ

Oct 07 • 2:41 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

နေပြည်တော်-ရန်ကုန် DEMUရထားလက်မှတ်တွေကို အွန်လိုင်းက တစ်ဆင့် ဝယ်ယူသွားနိုင်ဖို့ရှိနေ

ရထားလက်မှတ်တွေကို အွန်လိုင်းက တစ်ဆင့် ဝယ်ယူသွားနိုင်ဖို့ အခြေအနေတွေရှိကြောင်း မြန်မာ့မီးရထားအသိုက်အဝန်းကစုံစမ်းသိရှိရပါတယ်။နေပြည်တော်-ရန်ကုန် DEMU ရထားလက်မှတ် တ...

ရထားလက်မှတ်တွေကို အွန်လိုင်းက တစ်ဆင့် ဝယ်ယူသွားနိုင်ဖို့ အခြေအနေတွေရှိကြောင်း မြန်မာ့မီးရထားအသိုက်အဝန်းကစုံစမ်းသိရှိရပါတယ်။

နေပြည်တော်-ရန်ကုန် DEMU ရထားလက်မှတ် တွေ ကို မကြာခင်ကာလမှာအွန်လိုင်းကနေ ဖြတ်လို့ရပါတော့မယ်လို့ မြန်မာ့မီးရထားအသိုက်အဝန်းကပြောကြားပါတယ်။ရထားစီးသူ အဆင်ပြေစေဖို့ အွန်လိုင်းစနစ်နဲ့ပါဝယ်ယူသွားနိုင်ဖို့စီစဉ်ပေးသွားမှာဖြစ်သလို ၊ စီးနင်းသူ လူ ဦးရေ အရေအတွက်များလာရင်လည်းအချိန်တိုးပြီး ဖြည့်စွက် ပြေးဆွဲတာ တွေ ပြုလုပ်ပေးသွားမယ်လို့လည်းသိရပါတယ်။ရထားလက်မှတ် တွေ ကို အွန်လိုင်းကတစ်ဆင့် ဖြတ်လို့/ဝယ်လို့ရရင် အချိန်ကုန်သက်သာပြီး ၊ မှောင်ခို ဈေးကွက် လည်း ပပျောက်သွားနိုင်မယ်လို့ ဆိုပါတယ်။လက်ရှိမှာ လေယာဉ်လက်မှတ် ၊ ကားလက်မှတ်တွေ ကို အွန်လိုင်းကတစ်ဆင့်ဝယ်ယူရရှိနေသလို ၊ ရထားလက်မှတ်တွေကိုလည်း အွန်လိုင်းကတစ်ဆင့်ဝယ်ယူနိုင်ပါက ရထားစီးခရီးသည်တွေ အတွက် ပိုမိုအဆင်ပြေလာနိုင်မယ့်လို့ စီးနင်းသူတစ်ချို့ကပြောပါတယ်။

news-view-count-icon

72