မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီရေလယ်ဘုရားပွဲတော်တွင် ယနေ့ အောက်တိုဘာ (၆)ရက်( သီတင်းကျွတ်လပြည့်နေ့)၌ ဘုရားဖူးများဖြင့် စည်ကားလျက်ရှိပါသည်။ယနေ့တွင် ဘုရားလာရာလမ်းတလျှောက် ယာဉ်ကြောပိ-တ်သည်အထိ လာရောက်ဖူးမျှော်လည်ပတ်ကြသလို ဘုရားပုရဝုဏ်အတွင်း၌လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များဖြင့်စည်ကားနေတာဖြစ်ပါသည်။ကျိုက္ခမီရေလယ်ဘုရားပွဲတော်သည် သီတင်းကျွတ်လဆန်း (၁၄) ရက်မှ သီတင်းကျွတ်လပြည့်ကျော် (၅) ရက်အထိကျင်းပပြုလုပ်ပြီး ပွဲတော်ကာလအတွင်း ပျော်ပွဲရွှင်ပွဲများ၊ ဇာတ်ပွဲများကိုလည်း ထည့်သွင်းပြုလုပ်ထားပါသည်။
မွန်ပြည်နယ်၊ ကျိုက္ခမီရေလယ်ဘုရားပွဲတော်တွင်သီတင်းကျွတ်လပြည့်နေ့၌ ဘုရားဖူးများဖြင့် စည်ကား
Oct 06 • 8:33 AM
မြန်မာ
မွန်
မျှဝေမည်
5 | 0 | 0 | 0 |