ထိုင်းနိုင်ငံရှိ စျေးဝယ်စင်တာ တစ်ခုကို ယမန်နေ့ အောက်တိုဘာ ၅ ရက်နေ့ ညပိုင်းက လက်နက်ကိုင် ဓားပြတွေက ဝင်ရောက် စီးနင်းပြီး ရွှေဆိုင်တစ်ခုထဲက ရွှေထည်တွေကို လုယက်သွားခဲ့ပါသည်။အနက်ရောင်မျက်နှာဖုံး စွပ်ထားတဲ့ ဓားပြ ၈ ဦးလောက်ဟာ Big C စျေးဝယ်စင်တာရဲ့ ယောင်ဝါရတ် ခရွန်သပ် ရွှေဆိုင်ကို ဝင်ရောက် စီးနင်းခဲ့ပြီး ရွှေထည်တွေကို လုယက်၊ ပြီးတော့ ပစ်ကပ်ကား နှစ်စီးနဲ့ ထွက်ပြေး လွတ်မြောက်သွားခဲ့တာ ဖြစ်ပါသည်။ထို ကားနှစ်စီးကလည်း ဖြစ်စဉ် မတိုင်ခင် ကတည်းက အခိုးခံထားခဲ့ရတဲ့ ကားများဖြစ်ပြီး ဓားစာခံအဖြစ် ယာယီ ထိန်းသိမ်းတာ ခံခဲ့ရတဲ့ အသက် ၃၀ အရွယ် အမျိုးသား တစ်ဦးကလည်း အလွန်အမင်း ထိတ်လန့် တုန်လှုပ်မှုကြောင့် ကုသခံခဲ့ရပါသည်။စျေးဝယ်စင်တာထဲမှာ လူတွေ စည်စည်ကားကား ရှိနေချိန်မှာ သေနတ်သံတွေ ထွက်ပေါ်လာခဲ့တာကြောင့် စျေးဝယ်သူတွေ၊ ဝန်ထမ်းတွေ အထိတ်တလန့် ဖြစ်ခဲ့ရပြီး The Nation သတင်းဌာနကတော့ ရွှေသား ၆ ကီလိုဂရမ် ဘတ်၂၃သန်းတန်ကြေး ဝန်းကျင်လောက် ပါသွားခဲ့တယ်လို့ ဖော်ပြထားပါသည်။ရဲတပ်ဖွဲ့က အမှုကို အပူတပြင်း စုံစမ်းနေသလို နာရာသီဝတ်မှာ ဖြန့်ကျက်ထားတဲ့ ထိုင်းစစ်တပ်ကလည်း တရားခံတွေကို အမြန်ဆုံး ဖမ်းဆီး ရမိစေဖို့ ဒေသခံ လုံခြုံရေး တပ်ဖွဲ့အင်အားစု အားလုံးကို တပ်လှန့်ထားကြောင်း ကြေညာခဲ့ပါသည်။
ထိုင်းနိုင်ငံရှိ စျေးဝယ်စင်တာ တစ်ခုတွင် လက်နက်ကိုင် ဓားပြများ ရွှေဆိုင်ကို ဝင်ရောက်လုယက်ခဲ့
Oct 06 • 5:29 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
5 | 0 | 0 | 0 |