ရွှေတိဂုံ စေတီ‌တော်တွင် ယနေ့သီတင်းကျွတ်လပြည့်နေ့မနက်မှစ ဘုရားဖူးသူ များပြား

Oct 06 • 4:10 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရွှေတိဂုံ စေတီ‌တော်တွင် ယနေ့သီတင်းကျွတ်လပြည့်နေ့မနက်မှစ ဘုရားဖူးသူ များပြား

ယနေ့ အောက်တိုဘာ ၆ ရက် သီတင်းကျွတ် လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့)ဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ် ဖြစ်တာ ကြောင့် ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော် မြတ်ကြီးကို ...

ယနေ့ အောက်တိုဘာ ၆ ရက် သီတင်းကျွတ် လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့)ဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ် ဖြစ်တာ ကြောင့် ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော် မြတ်ကြီးကို လာရောက်ဖူးမြော် ကုသိုလ်ပြုသူတွေဟာ အရင်နေ့တွေထက် စည်းကားများပြားနေပါသည်။ဘုရားလာရောက် ဖူးမြော်သူတွေဟာ ရွှေတိဂုံ စေတီတော်ရင်ပြင်တော် နေ့နံ ထောင့်တွေမှာ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်ကြသလို ရွှေသင်္ကန်းကပ်လှူ တာ ဥပုသ်သီလ ဆောက်တည်ကြပါသည်။ထို့အပြင် ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်အနီးရှိ သွေးဆေးကန်မှာ ငါးလွှတ်တာ ငါးစာကျွေးတာ စတဲ့ ကုသိုလ်ကောင်းမှူတွေကိုလည်း ပြုလုပ်ကြပြီးစေတနာရှင် အလှူရှင်တချို့ကလည်း ရေသန့်၊ အချိုရည်တွေကို စတုဒိသာ လှူဒါန်းကြပါသည်။‌ ‌ရွှေတိဂုံ စေတီတော် မြတ်ကြီးမှာ သီတင်းကျွတ်လပြည့်နေ့မှာ အဘိဓမ္မာ အခါတော်နေ့ အခမ်းအနားကိုလည်း ကျင်းပပြုလုပ်ခဲ့ပါသည်။

news-view-count-icon

25