ထိုင်းနိုင်ငံ၊ဘန်ကောက်မှ မြေကျွံကျတဲ့ Samsen လမ်း ပြန်ဖွင့်မယ့် အချိန် အကန့်အသတ် မရှိ နောက်ဆုတ်လိုက်

Oct 06 • 4:07 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ဘန်ကောက်မှ မြေကျွံကျတဲ့ Samsen လမ်း ပြန်ဖွင့်မယ့် အချိန် အကန့်အသတ် မရှိ နောက်ဆုတ်လိုက်

ထိုင်းနိုင်ငံ၊ဘန်ကောက်မှာ ဖြစ်ပွားခဲ့တဲ့ မြေကျွံကျင်းဘေးက ရဲစခန်းကို ဖြိုချပြီး ပြန်လည်တည်ဆောက်ရမယ်လို့ အာဏာပိုင်တွေက ကောက်ချက်ချခဲ့တဲ့အတွက် Samsen လမ်းကို ပြန်...

ထိုင်းနိုင်ငံ၊ဘန်ကောက်မှာ ဖြစ်ပွားခဲ့တဲ့ မြေကျွံကျင်းဘေးက ရဲစခန်းကို ဖြိုချပြီး ပြန်လည်တည်ဆောက်ရမယ်လို့ အာဏာပိုင်တွေက ကောက်ချက်ချခဲ့တဲ့အတွက် Samsen လမ်းကို ပြန်ဖွင့်မယ့် အစီအစဉ်ကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တယ်လို့ ဘန်ကောက်မြို့တော်ဝန် Chadchart Sittipunt က အောက်တိုဘာလ ၄ ရက်မှာ ပြောကြားလိုက်ပါသည်။ဖြိုချဖျက်ဆီးဖို့ ဆက်မလုပ်ဆောင်ဘူးဆိုရင် ပြန်လည်ပြုပြင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ ပြိုကျနိုင်တဲ့ အန္တရာယ်တွေ ရှိနိုင်တယ်လို့ နည်းပညာကျွမ်းကျင်သူတွေက သတိပေးခဲ့ပြီးSamsen ရဲစခန်းရဲ့ တတိယမြောက် အဓိကတိုင်ပတ်လည်မှာ နောက်ထပ် အက်ကွဲကြောင်းတွေနဲ့ မြေပြိုကျမှုတွေကို တွေ့ရှိခဲ့ရတယ်လို့ Chadchart က ပြောပါသည်။ဖြိုချဖျက်ဆီးမှုအတွက် ကုန်ကျစရိတ် ဘတ် သန်း ၄၀ ကျော်ကို သယ်ယူပို့ဆောင်ရေးအာဏာပိုင် (MRTA) နဲ့ ကန်ထရိုက်တာတို့က အပြည့်အဝ တာဝန်ယူသွားမှာ ဖြစ်တယ်လို့ မြို့တော်ဝန်က ပြောပါသည်။

news-view-count-icon

15