မန္တလေး-မြစ်ကြီးနား ကားလမ်းမကြီး၏ အစပိုင်းဖြစ်သော မြစ်ကြီးနား ⇄ ရွှေဘို လမ်းပိုင်းသည် သွားလာရန် စိတ်ချလက်ချ အသုံးပြုနိုင်သည် အထိ ကောင်းမွန်နေသော်လည်း၊ ရွှေဘိုမှ မန္တလေးသို့ ဆက်သွယ်သည့် လမ်းပိုင်း၏ အခြေအနေကြောင့် ခရီးစဉ်တစ်ခုလုံး အလွန်အမင်း ကြာမြင့်နေကြောင်း ယာဉ်မောင်းများ၏ ပြောကြားချက်အရ သိရသည်။ပုံမှန်ဆိုလျှင် နေ့ချင်းပေါက် သွားလာနိုင်သည့် ရွှေဘို-မန္တလေး ခရီးအပိုင်းသည် လက်ရှိတွင် လမ်းမကြီးများ ပိတ်ဆို့မှုနှင့် လမ်းလွှဲများဖြင့် ပတ်မောင်းနေရမှုများကြောင့် သုံးညအိပ်အထိ အချိန်ကုန်ဆုံးနေရသည်။ ယာဉ်မောင်းများအနေဖြင့် ဤမျှအချိန်ကြာမြင့်စွာ လမ်းပေါ်တွင် ကုန်ဆုံးရခြင်းကြောင့် ဆီဖိုး၊ စားသရိတ်နှင့် အိပ်စရိတ် စသည့် ကုန်ကျစရိတ်များ အဆမတန် မြင့်တက်နေကြောင်း သိရသည်။
မြစ်ကြီးနား-မန္တလေး ခရီးစဉ်ကြီးတွင် ရွှေဘို-မန္တလေးလမ်းပိုင်းကြောင့် (၃) ညအိပ်အထိ အချိန်ကုန်ဆုံးနေ
Oct 04 • 5:01 PM
မြန်မာ
ရှမ်း
မျှဝေမည်
6 | 0 | 0 | 0 |