မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်က မန္တလေးတက္ကသိုလ်ပင်မဆောင်ရှေ့မှာအောက်တိုဘာလ ၄ ရက်နေ့မနက်၉ နာရီက မန္တလေးတက္ကသိုလ်ရာပြည့်ပွဲတော် ဖွင့်အခမ်းအနားကျင်းပခဲ့ပါတယ်။မန္တလေးတက္ကသိုလ်ရာပြည့်ပွဲတော်ကို လက်ရှိကျင်းပခဲ့သည့်အချိန်ထက် ပိုမိုစောစီးစွာကျင်းပနိုင်ဖို့အ တွက်ရည်ရွယ်ထားပေမယ့် မတ်လ၂၈ရက်က လှုပ် ရှားသွားခဲ့တဲ့ မန္တလေးမြေငလျင်ကြီးကြောင့် တက္ကသိုလ်အတွင်း ပျက်စီးဆုံးရှုံးမှုရှိခဲ့ရတာကြောင့် အမြန်ဆုံးပြန်လည် ပြု ပြင်ပြီး ယခုအခါမှာ ရာပြည့်ပွဲတော်ကို ကျင်းပခဲ့ရတာလို့ သိရပါတယ်။ မန္တလေးတက္ကသိုလ်ကို ၁၉၂၅ခုနှစ်၊ဇူလိုင်(၄)ရက်မှာ စတင်ဖွင့်လှစ်ခဲခြင်းဖြစ်ပြီး၂၀၂၅ခုနှစ်၊ဇူလိုင် (၄) ရက်နေ့မှာ နှစ် ၁၀၀ ပြည့်မြောက်သွားပြီဖြစ်ပါတယ်။
မန္တလေးတက္ကသိုလ်ရာပြည့်ပွဲတော် ဖွင့်အခမ်းအနားကျင်းပ
Oct 04 • 1:27 PM
မြန်မာ
မန္တလေး
မျှဝေမည်
9 | 0 | 0 | 0 |