ပြည်တွင်း၌ ဧည့်မထဆန်နဲ့ ဖွဲနုဈေး တွေ ကျပြီး ၊ ပေါ်ဆန်းမွှေးဆန်နဲ့ဆန်ကွဲဈေး တွေတည်ငြိမ်နေတယ်လို့ ဆန်မျိုးစုံရောင်းဝယ်မှုဈေးကွက်အတွင်းကသိရပါတယ်။တစ်ပတ်တာကာလ အတွင်း ဆန်မျိုးစုံရောင်းဝယ်မှု ဈေးကွက်အတွင်းမှာ ဆန်နဲ့ ဆန်ကွဲ၊ ဖွဲနုဈေး တွေ အတက်အကျ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။တစ်ပတ်တာကာလ အတွင်း ပဲခူးကုန်စည်ဒိုင်အနေနဲ့ စက်တင်ဘာ ၂၆ ရက် မှာ ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ် အိတ် ၆၅,၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၅၀,၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၀၀,၀၀ဝကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၅,၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4) တစ်အိတ် ၄၂၀၀ဝကျပ်နဲ့ဖွဲနုတစ်အိတ် ၂၅,၂၀၀ကျပ် တွေနဲ့အသီးသီး အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။အောက်တိုဘာ ၃ ရက် မှယနေ့ထိ ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ် အိတ် ၆၀,၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ) (သစ်)တစ်အိတ် ၄၅,၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၀၀၀၀ဝကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၄၅,၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၄၂,၀၀ဝကျပ်နဲ့ ဖွဲနုတစ်အိတ် ၂၄,၆၀၀ကျပ် တွေနဲ့ အသီးသီး အရောင်း အဝယ်ဖြစ်နေတယ်လို့သိရပါတယ်။



