မရမ်းကုန်းမြို့နယ်ပြည်လမ်း-၈ မိုင်တံတားပေါ်တွင် ယာဉ်သုံးစီးဆင့်တိုက် အမျိုးသား နှစ်ဦးသေဆုံးမှုဖြစ်ပွား

Oct 04 • 3:53 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

မရမ်းကုန်းမြို့နယ်ပြည်လမ်း-၈ မိုင်တံတားပေါ်တွင် ယာဉ်သုံးစီးဆင့်တိုက် အမျိုးသား နှစ်ဦးသေဆုံးမှုဖြစ်ပွား

အောက်တိုဘာ ၃ ရက်နေ့၊ ည ၁၁ နာရီကျော်ခန့်က မရမ်းကုန်းမြို့နယ် ပြည်လမ်း-၈ မိုင်တံတားပေါ်တွင် ယာဉ်သုံးစီး ဆင့်တိုက်မှုကြောင့် လိုထရပ် ကားပေါ်မှ အမျိုးသားနှစ်ဦး သေဆု...

အောက်တိုဘာ ၃ ရက်နေ့၊ ည ၁၁ နာရီကျော်ခန့်က မရမ်းကုန်းမြို့နယ် ပြည်လမ်း-၈ မိုင်တံတားပေါ်တွင် ယာဉ်သုံးစီး ဆင့်တိုက်မှုကြောင့် လိုထရပ် ကားပေါ်မှ အမျိုးသားနှစ်ဦး သေဆုံးခဲ့ပါတယ်။ရှစ်မိုင်တံတားပေါ်မှာဖြစ်တာဖြစ်ကာဖိုးဝှီးနှင့် လိုက်ထရပ် ကားနှစ်စီးကမျက်နှာချင်းဆိုင်တိုက်မိခဲ့ခြင်းလည်းဖြစ်ပါတယ်။ ကြည့်ရတာ တက်ဆီကားကို ကျော်တက်ချိန် ဖင်ကိုဝင်တိုက်မိပြီး ကျန်နှစ်စီးက မျက်နှာချင်းဆိုင်တိုက်မိတဲ့ ပုံဘဲဖြစ်ကာသေဆုံးသူတွေက လိုက်ထရပ် ကားပေါ်ကအမျိုးသားနှစ်ဦးပါ။ အသက် ၃၀ နဲ့ အသက် ၂၆ နှစ်အရွယ်အမျိုးသားများဖြစ်ကာယာဉ်တိုက်မှုတွင် သေဆုံးခဲ့သည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ YRO မှ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါတယ်။


news-view-count-icon

5