ပဲခူးစက်မှုဇုန်၌ EV ကားများကိုတပ်ဆင်ထုတ်လုပ်နေ

Oct 03 • 4:09 PM

breaking-news

မြန်မာ

ပဲခူး

cover

ပဲခူးစက်မှုဇုန်၌ EV ကားများကိုတပ်ဆင်ထုတ်လုပ်နေ

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ပဲခူးစက်မှုဇုန်၌ "မြင့်မြတ်မောင်" ကုမ္ပဏီလီမိတက်မှ SKD စနစ်ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များတပ်ဆင်ထုတ်လုပ်သည့်စက်ရုံ၌ Dongfeng တံဆိပ...

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ပဲခူးစက်မှုဇုန်၌ "မြင့်မြတ်မောင်" ကုမ္ပဏီလီမိတက်မှ SKD စနစ်ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များတပ်ဆင်ထုတ်လုပ်သည့်စက်ရုံ၌ Dongfeng တံဆိပ် EV ကားများကိုတပ်ဆင်ထုတ်လုပ်လျက်ရှိသည်။ထိုသို့ တပ်ဆင်ထုတ်လုပ်နေမှုအား အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ ဒု-ဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းမှ အောက်တိုဘာ ၂ ရက်မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ထို့နောက် စက်ရုံအနေဖြင့် မော်တော်ယာဉ်အစိတ်အပိုင်းများကို သ-တ်မှတ်ထားသည့်အတိုင်း ပြည်ပမှတင်သွင်း၍တပ်ဆင်ထုတ်လုပ်နေရုံဖြင့် ကျေနပ်မနေဘဲ မော်တော်ယာဉ်၏ အချို့အစိတ်အပိုင်းများကို ပြည်တွင်း၌ ကိုယ်တိုင်ထုတ်လုပ်နိုင်သည်အထိကြိုးစားရမည်ဟု စက်ရုံတာဝန်ရှိသူများအား မှာကြားခဲ့သည်။



news-view-count-icon

5