ရွှေဘို-စစ်ကိုင်းလမ်းပိုင်း ယာဉ်များ ခရီးဝေးပတ်မောင်းနေရဆဲ၊ လမ်းပွင့်ရန် ယာဉ်မောင်းများ မျှော်လင့်

Oct 03 • 12:36 PM

breaking-news

မြန်မာ

ကချင်

cover

ရွှေဘို-စစ်ကိုင်းလမ်းပိုင်း ယာဉ်များ ခရီးဝေးပတ်မောင်းနေရဆဲ၊ လမ်းပွင့်ရန် ယာဉ်မောင်းများ မျှော်လင့်

မြစ်ကြီးနား-မန္တလေး ကားလမ်းမကြီးတစ်လျှောက် မြစ်ကြီးနား ⇄ ရွှေဘို လမ်းပိုင်းသည် ရှင်းလင်းကောင်းမွန်နေဆဲဖြစ်သော်လည်း ရွှေဘို ⇄ စစ်ကိုင်း ကြားရှိ လမ်းပိုင်းများတွင...

မြစ်ကြီးနား-မန္တလေး ကားလမ်းမကြီးတစ်လျှောက် မြစ်ကြီးနား ⇄ ရွှေဘို လမ်းပိုင်းသည် ရှင်းလင်းကောင်းမွန်နေဆဲဖြစ်သော်လည်း ရွှေဘို ⇄ စစ်ကိုင်း ကြားရှိ လမ်းပိုင်းများတွင်မူ ယာဉ်များ ခရီးဝေးကြီးပတ်၍ သွားလာနေရဆဲဖြစ်ကြောင်း ဒေသခံယာဉ်မောင်းများ၏ ပြောကြားချက်အရ သိရသည်။"ဟိုလမ်းပိတ် ဒီလမ်းပိတ်" အခြေအနေများကြောင့် ရွှေဘိုမှ စစ်ကိုင်းသို့ ဆင်းမည့် ယာဉ်များသည် ပင်မလမ်းကြောင်းများကို အသုံးပြု၍မရဘဲ ကွင်းလမ်းများ သို့မဟုတ် လမ်းလွှဲများကို အားထားကာ ခရီးဝေးကြီးဝိုက်၍ မောင်းနှင်နေရသည်။လမ်းခရီးသွားလာမည့်သူများသည် မြစ်ကြီးနား-ရွှေဘို လမ်းပိုင်းကို စိတ်ချလက်ချ အသုံးပြုနိုင်သော်လည်း ရွှေဘိုအောက်ပိုင်း ခရီးစဉ်အတွက် လမ်းအခြေအနေကို သေချာစုံစမ်းပြီးမှသာ သွားလာသင့်ကြောင်း အကြံပြုထားသည်။





news-view-count-icon

5