ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ဆိုင်းတောင်ဒေသတွင် လက်ရှိ စစ်ရေးတင်းမာမှုများနှင့် လုံခြုံရေးအခြေအနေကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်လျက်ရှိရာ၊ အပန်းဖြေနားနေစရာ ကော်ဖီဆိုင်များပါ ပိတ်သိမ်းလာနေရကြောင်း ဒေသခံများထံမှ သိရသည်။ဒေသခံတစ်ဦး၏ ပြောကြားချက်အရ ဆိုင်းတောင်ဒေသတွင် ညောင်းပြေအနားယူနိုင်သည့် ကော်ဖီဆိုင် (၅) ဆိုင်ခန့် ပိတ်သိမ်းသွားပြီဖြစ်ပြီး၊ ကျန်ရှိနေသော ဆိုင်များ၏ အခြေအနေမှာလည်း မသေချာတော့ကြောင်း သိရသည်။



