မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်ရှိ ကြက်မောက်တောင်ဆည် ရေပိုလွှဲမှ ရေလျှံကျရာ ဆည်အောက်ဘက် ကျောက်ပန်းတောင်း-မိတ္ထီလာလမ်းပိုင်း ကိုင်းရွာနှင့် စည်ပင်သာရွာကြားရှိ ပေ ၂၀ ကျော် တံတားကျိုးကျခဲ့သောကြောင့် ကျောက်ပန်းတောင်း-မိတ္ထီလာကားလမ်းအား ယာယီပိတ်လိုက်ရကြောင်း ဒေသခံများထံမှ သိရပါတယ်။အဆိုပါဖြစ်စဉ်မှာ-ကြက်မောက်တောင်ဆည်သည် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်ခြေအနီး တည်ရှိပြီး မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် ဆည်ရေပြည့်ပြီး ရေပိုလွှဲမှ ရေလျှံကျခြင်းဖြစ်ပါတယ်။မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း ယာယီပိတ်ထားရသဖြင့် သီတင်းကျွတ်ပိတ်ရက် ရန်ကုန်ဘက်မှ ပုဂံ၊ ပုပ္ပား လာရောက်ကြမည့်သူများ အမြန်လမ်း မိုင်တိုင် ၂၂၀ တောင်ညိုလမ်းခွဲ-ကံပြားလမ်းဆုံ-ရေနံချောင်း-ကျောက်ပန်းတောင်း- ပုဂံ လမ်းပိုင်းကို အသုံးပြုရန် ဒေသခံများ၏ လူမူကွန်ရက်တွင် အသိပေးရေးသားထားကြသည်။ မိတ္ထီလာ-ကျောက်ပန်းတောင်း-ရေနံချောင်း-မကွေးလမ်းပေါ်ရှိ မိတ္ထီလာ- ကျောက်ပန်းတောင်းလမ်းပိုင်းသည် ရိက္ခာ၊ ဆေးဝါးများ ပို့ဆောင်နိုင်ရေးအတွက် အဓိက အသုံးပြုနေသည့် လမ်းကြောင်းတခု ဖြစ်သောကြောင့် အမြန်ဆုံးပြုပြင်နိုင်ရေး ဆောင်ရွက်နေကြောင်း ဒေသခံများက ဆိုသည်။
မန္တလေးတိုင်းကြက်မောက်တောင်ဆည် ရေကျော်၊ ကျောက်ပန်းတောင်း-မိတ္ထီလာကားလမ်း ယာယီပိတ်၍အမြန်လမ်း မိုင်တိုင် ၂၂၀ တောင်ညိုလမ်းခွဲ-ကံပြားလမ်းဆုံ-ရေနံချောင်း-ကျောက်ပန်းတောင်း- ပုဂံ လမ်းပိုင်းကို အသုံးပြုရန်ဆို
Oct 03 • 7:24 AM
မြန်မာ
မန္တလေး
မျှဝေမည်
11 | 0 | 0 | 0 |