မန္တလေးမြို့ရှိ Tattoo ပစ္စည်းအရောင်းဆိုင်အချို့က Tattoo ဆေး၊ အပ်နှင့်ဆက်စပ်ပစ္စည်းများပြတ်လပ်မှုကြောင့် ပိတ်ထားရကြောင်း Tattoo လုပ်ငန်းလုပ်ကိုင်နေသူများကပြောသည်။တရုတ်နှင့်ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းများပိတ်ဆို့နေမှုကြောင့် ဈေးကွက်အတွင်းလနှင့်ချီကာ ပစ္စည်းပြတ်လပ်မှုများရှိလာခြင်းဖြစ်ပါသည်။Tattoo ပစ္စည်းများပြတ်လပ်မှုမှာ ယခုလအစောပိုင်းကတည်းကစတင်ဖြစ်ပွားလာခြင်းဖြစ်ပြီး စက်နှင့် ဆက်စပ်ပစ္စည်းများမှာလည်း ပြတ်လပ်လုနီးပါးရှိလာကာဈေးနှုန်းများလည်းအဆမတန်မြင့်တက်လာကြောင်း Tattoo လုပ်ငန်းလုပ်ကိုင်သူများကပြောသည်။"ဆေးတွေပြတ်လို့ ဆိုင်ကြီးတွေတောင် ပိတ်ထားရပြီတစ်ချို့ဆိုထိုးလက်စတန်းလန်းကြီးနဲ့ အပ်ဝယ်မရလို့ ဆက်ထိုးလို့ မရကြတာတွေလည်းရှိတယ်"ဟု ပြည်ကြီးတံခွန်မြို့နယ်က Tattoo ဆရာတစ်ဦးက ပြောပါသည်။
မန္တလေးတွင် Tattoo ဆေးနှင့် အပ်များပစ္စည်းပြတ်လပ်မှုကြောင့် အရောင်းဆိုင် အချို့ပိတ်ထားရ
Oct 03 • 6:36 AM
မြန်မာ
မန္တလေး
မျှဝေမည်
4 | 0 | 0 | 0 |