ထိုင်းနိုင်ငံ Prasat Phanom Rung ရဲ့ တံခါးပေါက် ၁၅ ပေါက်ကို နေဝင်ချိန်မှာ နေရောင်ခြည်က တစ်တန်းတည်း ဖြတ်သန်းသွားတဲ့ ထူးခြားဖြစ်စဉ်ကို လာရောက်ကြည့်ရှုကြဖို့ ကမ္ဘာလှည့်ခရီးသွားများကို ထိုင်း ဖိတ်ခေါ်

Oct 03 • 5:11 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ Prasat Phanom Rung ရဲ့ တံခါးပေါက် ၁၅ ပေါက်ကို နေဝင်ချိန်မှာ နေရောင်ခြည်က တစ်တန်းတည်း ဖြတ်သန်းသွားတဲ့ ထူးခြားဖြစ်စဉ်ကို လာရောက်ကြည့်ရှုကြဖို့ ကမ္ဘာလှည့်ခရီးသွားများကို ထိုင်း ဖိတ်ခေါ်

ထိုင်းနိုင်ငံ Buri Ram မှ Prasat Phanom Rung ဟိန္ဒူဘုရားကျောင်းမှာ ထူးခြားတဲ့ နက္ခတ်ဆိုင်ရာဖြစ်စဉ် ဖြစ်ပေါ်လေ့ရှိပါတယ်။ အဲဒါကတော့ Prasat Phanom Rung ရဲ့ တံခါးပေ...

ထိုင်းနိုင်ငံ Buri Ram မှ Prasat Phanom Rung ဟိန္ဒူဘုရားကျောင်းမှာ ထူးခြားတဲ့ နက္ခတ်ဆိုင်ရာဖြစ်စဉ် ဖြစ်ပေါ်လေ့ရှိပါတယ်။ အဲဒါကတော့ Prasat Phanom Rung ရဲ့ တံခါးပေါက် ၁၅ ပေါက်ကို နေဝင်ချိန်မှာ နေရောင်ခြည်က တစ်တန်းတည်း ဖြတ်သန်းသွားတာ ဖြစ်ပြီး အဲဒီဖြစ်စဉ်ကို လာရောက်ကြည့်ရှုဖို့ ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ (TAT) က ခရီးသွားတွေကို ဖိတ်ခေါ်နေပါသည်။TAT က Chalerm Phrakiat ခရိုင်မှာရှိတဲ့ ရှေးဟောင်းဟိန္ဒူဘုရားကျောင်းရဲ့ တံခါးပေါက်တွေကနေ နေဝင်ချိန်အလင်းတန်း ဖြတ်သန်းသွားတဲ့ အံ့မခန်းလှပတဲ့မြင်ကွင်းကို အောက်တိုဘာလ ၅ ရက်နေ့ကနေ ၇ ရက်နေ့အထိ ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်လို့ ပြောပါတယ်။ လာရောက်လည်ပတ်သူတွေဟာ ကြည့်ရှုမယ့်နေရာတွေကို ညနေ ၅ နာရီခွဲကစပြီး ကြိုတင်မှာယူနိုင်ပြီး ညနေ ၅ နာရီ ၅၅ မိနစ်ကစပြီး အလင်းတန်းတည့်တည့်ကျရောက်မှုကို မြင်တွေ့ရမယ်လို့ ခန့်မှန်းရပါသည်။ဝင်ကြေးကို ငွေသားနဲ့ပဲ ကောက်ခံမှာဖြစ်ပြီး ထိုင်းနိုင်ငံသားတွေအတွက် ဘတ် ၂၀ နဲ့ နိုင်ငံခြားသားတွေအတွက် ဘတ် ၂၀၀ ဖြစ်ပါတယ်။ အသက် ၆၀ နဲ့အထက် ထိုင်းနိုင်ငံသားတွေကတော့ အခမဲ့ဝင်ရောက်နိုင်မှာ ဖြစ်ပါသည်။

news-view-count-icon

3