နေပြည်တော်၊ပျဉ်းမနားမြို့၏(၁၀၅) ကြိမ်မြောက် ပျဉ်းမနားနှစ်ကျိပ်ရှစ်ဆူဘုရားပွဲ စည်ကားစွာကျင်းပမည်

Oct 03 • 4:38 AM

breaking-news

မြန်မာ

နေပြည်တော်

breaking-news
breaking-news
cover

နေပြည်တော်၊ပျဉ်းမနားမြို့၏(၁၀၅) ကြိမ်မြောက် ပျဉ်းမနားနှစ်ကျိပ်ရှစ်ဆူဘုရားပွဲ စည်ကားစွာကျင်းပမည်

နေပြည်တော်၊ပျဉ်းမနားမြို့၏ အထင်ကရပွဲတော်တစ်ခုဖြစ်သောသီတင်းကျွတ်ပွဲတော် (၁၀၅)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားများမြို့တွင်းသို့ ဒေသစာရီပင့်ဆောင်ပူဇော်ပွဲအား စည်က...

နေပြည်တော်၊ပျဉ်းမနားမြို့၏ အထင်ကရပွဲတော်တစ်ခုဖြစ်သောသီတင်းကျွတ်ပွဲတော် (၁၀၅)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားများမြို့တွင်းသို့ ဒေသစာရီပင့်ဆောင်ပူဇော်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်။ ပျဉ်းမနားမြို့ရဲ့အထင်ကရပွဲဖြစ်တဲ့နှစ်ကျိပ်ရှစ်ဆူဘုရားများဒေသစာရီပင့်ဆောင်ပူဇော်ပွဲကိုမြို့နယ်ခွင့် ပြုချက်နဲ့ပျဉ်းမနားမြို့ပေါ်ရှိဝတ်ဖြူတော်အသင်းရှစ်သင်းကဦးဆောင်ပြီးတတ်နိုင်သမျှဟိုးအရင်ကလိုစည်ကားစွာကျင်းပဖို့ဆောင်ရွက်နေကြပါတယ်။ဝတ်ဖြူတော်အသင်းရှစ်သင်းနဲ့အတူဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့ဘာသာရေးအသင်းအဖွဲ့တွေပူးပေါင်းပြီး ဘုရားပင့်ဆောင်အလှပြကားများနဲ့နိုင်ငံကျော်အဆိုရှင်များဖျော်ဖြေရေးကားများနဲ့စည်ကားစွာကျင်းပသွားမှာဖြစ်ပါတယ်။ပျဉ်းမနားသီတင်းကျွတ်ပွဲတော်အား သီတင်းကျွတ်လဆန်း(၁၃)ရက်နေ့မှစတင်ပြီး သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေအထိကျင်းပပြုလုပ်မည်ဖြစ်ပြီး သီတင်းကျွတ်လဆန်း(၁၃)ရက်မှလပြည့်နေ့အထိ ဝတ်ဖြူတော်အသင်းဓမ္မာရုံများတွင် ကိန်းဝပ်စံပယ်တော်မူသည့် ဗုဒ္ဓရုပ်ပွားတော်များအားဘုရားပင့်ဆောင်အလှပြယာဉ်များဖြင့် မြို့တွင်းသို့ပင့်ဆောင်ပူဇော်ခြင်း၊လပြည့်ကျော်(၁)ရက်နေ့တွင်နှစ်ကျိတ်ရှစ်ဆူဘုရားများစံကျောင်းတော်မှ၊နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်များမြို့တွင်းသို့ပင့်‌ဆောင်အပူဇော်ခံသွားမည်ဖြစ်ပါတယ်။

news-view-count-icon

20